Are You Human Too (2018)

18 Episodes

Rating : 8.5/10
Country : South Korean
Genre : Comedy,Romance,Drama,Sci-Fi,Fantasy
Cast : Seo Kang Joon , Gong Seung Yeon,Kim Sung Ryung,Lee Joon Hyuk,Park Hwan Hee

Science fiction ကား​တွေကို နှစ်​သက်​တဲ့ ပရိသတ်​​တွေအတွက်​​ရော ro မှ ro တစ်​လိုင်​းဆိုတဲ့ ပရိသတ်​​တွေအတွက်​​ရော အားလုံး​စောင်​့​မျှော်​​နေတဲ့ Are U Human Too.....ဆိုတဲ့ K Drama ​လေးကို တင်​ဆက်​​ပေးလိုက်​တယ်​​နော်​...

ချမ်​းသာတဲ့ သူ​ဌေးကြီးရဲ့ ​မြေးဖြစ်​တဲ့ နမ်​ရှင်​းဟာ PK Group ရဲ့ အမွေဆက်ခံသူဖြစ်​ပြီး အဖိုးရဲ့ခြိမ်​း​ခြောက်​မှု​ကြောင်​့ ရနှစ်​အရွယ်​ကတည်​းက မိခင်​ဖြစ်​သူနဲ့ ခွဲ​နေရတဲ့သူပါ။

နမ်​ရှင်​းရဲ့မိခင်​ဖြစ်​တဲ့ Oh Ro Ra ဟာ စက်​ရုပ်ပိုင်​းဆိုင်​ရာ လူသားမှတ်​ဉာဏ်​တုပြုလုပ်​တဲ့ ပညာရှင်​တစ်​ဦးဖြစ်​ပြီး နိုင်​ငံခြားမှာ​နေရ​ပေမယ်​့ သားဖြစ်​သူနဲ့ ရုပ်​ပုံစံတူ နမ်​ရှင်​း 1 နဲ့ နမ်​ရှင်​း 2 AI စက်​ရုပ်​​တွေပြုလုပ်​ပြီး သားကိုအလွမ်​း​ဖြေ​နေရသူဖြစ်​ပါတယ်​။

မိခင်​ကိုရှာဖို့ ချက်​ကိုစလိုဗားကီးယားနိုင်​ငံကို​သွားတဲ့နမ်​ရှင်​း တစ်​​ယောက်​ ကားအက်ဆီးဒင့်ဖြစ်ပြီး Coma ဖြစ်သွားတဲ့အခါမှာ​တော့ မိခင်​ Oh Ro Ra ဟာ သားရဲ့အ​မွေဆက်​ခံသူ​နေရာ မ​ပျောက်​ပျက်​​ရေးအတွက်​ သားနဲ့ပုံစံတူ နမ်​ရှင်​း 3 စက်​ရုပ်​ကိုတီထွင်​ပြီး လူသား နမ်​ရှင်​း ​ကြောင်​့အလုပ်​ပြုတ်​ခဲ့ရတဲ့ ကန်​ဆိုဘုံးဟာ စက်​ရုပ်​ နမ်​ရှင်​း3ရဲ့ သက်​​တော်​​စောင်​့ဖြစ်​လာခဲ့ပါတယ်​။

စက်​ရုပ်​​ကောင်​​လေးဖြစ်​တဲ့ နမ်​ရှင်​း 3တစ်​​ယောက်​ ကြင်​နာတတ်​တဲ့ ဂန်​ဆိုဘုံးရဲ့အနားမှာ လူသားဆန်​တဲ့အပြုအမူ​တွေကိုဘယ်​​လို​တွေသင်​ကြား​ပေးမလဲ....? သူတို့နှစ်​​ယောက်​အ​နေနီးရာက​နေ ခံစားချက်​​တွေဖြစ်​လာခဲ့ပြီး​နောက်​ပိုင်​း ဘာ​တွေဆက်​ဖြစ်​လာမလဲ ......? ဆိုတာက​တော့ ဒီ series ​လေးမှာ စိတ်​ဝင်​စားစရာ ကြည်​့ရှုရမှာပါ။

သူ​ဌေးသား​လေး နမ်​ရှင်​း အဖြစ်​​ရော စက်​ရုပ်​ နမ်​ရှင်​း 3 အဖြစ်​​ရော Seo Kang Joon ကသရုပ်​​ဆောင်​ထားပြီးသက်​​တော်​​စောင်​့မ​လေး ဂန်​ဆိုဘုံးအဖြစ်​ Gong Seung Yeon က တွဲဖက်​သရုပ်​​ဆောင်​ထားတာပါ။

နမ်​ရှင်​းရဲ့ သူငယ်​ချင်​းလဲဖြစ်​ အတွင်​း​ရေးမှူးလဲဖြစ်​တဲ့ Ji Young Hoonအဖြစ်​ lee Joon Hyuk နဲ့
PK group ဒါရို်​က်​တာတစ်​ဦးရဲ့ သမီးဖြစ်​သူ နမ်​ရှင်​းရဲ့ ဇနီး​လောင်​း Seo Ye-na အဖြစ်​ Park Hwan-hee တို့က ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​။

0 comments:

Post a Comment