Age Of Youth (2016)

12 Episodes

Rating : 8.8/10
Country : South Korean
Genre : Friendship,Mystery,Comedy,Romance,Life,Youth,Drama
Cast : Han Ye Ri,Ryu Hwa Young,Park Eun Bin,Han Seung Yeon,Park Hye Soo

ငယ်ဘဝရဲ့ လွတ်လပ်မှု ပေါ့ပါးပျော်ရွှင်မှုတွေဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အဖိုးမဖြတ်နိုင်စရာအမှတ်တရတွေပါ။ ပြီးတော့ ငယ်ရွယ်နုပျိုခြင်းမှာ တဆက်တည်းပါလာတဲ့ ကြိုးစားမှု၊ လှုပ်ရှားရုန်းကန်မှု အချစ်နဲ့ ဘဝထဲက အခက်အခဲတွေနဲ့ပဲ လူငယ်တွေဟာ နေ့စဉ်ဘဝမှာ ပျံသန်းဖို့ကြိုးစားနေဆဲအပျံသင်ငှက်တွေလိုပါပဲ။ ဒီဇာတ်ကားလေးထဲမှာ ငယ်ရွယ်သူတွေရဲ့တက်ကြွတဲ့ခြေလှမ်းတွေပါတယ်။
အချစ်နဲ့သက်ဆိုင်တဲ့ ပျော်ရွှင်မှု ကြည်နူးမှုတွေပါတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ မြှုပ်ကွက်အချို့နဲ့ ဘဝမှာရှောင်လွှဲမရနိုင်တဲ့ အခက်အခဲအချို့။
လက်မခံချင်ပဲ လက်ခံထားရတဲ့အမှန်တရားအချို့တွေကိုလည်းပြသထားပါတယ်။
တက္ကသိုလ်ကျောင်းသူလေး ငါးယောက်၊ တစ်အိမ်တည်းမှာ အတူနေကြရင်း အကျင့်တွေ စရိုက်တွေတစ်မျိုးစီနဲ့ သူတို့တွေရဲ့ နေ့စဉ်ဘဝလေးကို တင်ဆက်ထားတဲ့ဇာတ်လမ်းတွဲလေးပါ။ ငွေရေးကြေးရေးအတွက် အစွမ်းကုန်ကြိုးစားရင်းပညာသင်နေသူတစ်ယောက်၊ အချစ်အတွက်ပဲ လုံးပန်းနေသူတစ်ယောက်၊ အရက်ကြိုက်တတ်ပြီး ဉာဏ်ကောင်းသွက်လက်သူတစ်ယောက်၊ အလှအပအတွက်ပဲ ပြင်ဆင်နေတဲ့ မိန်းမလှလေးတစ်ယောက်၊ ပြီးတော့ အင်မတန်ရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ပါ။ မတူညီတဲ့ဇာတ်ကောင်တွေ တွဲဖက်တင်ဆက်ထားပြီး လူငယ်ဘဝမှာကြုံရမြဲဖြစ်တဲ့ပြသနာတွေကြားက လူငယ်ဘဝကိုပြသထားတာမို့ လူငယ်ပရိသတ်တွေအတွက်
အထူးရည်ရွယ်ပြီးတင်ဆက်လိုက်ပါတယ်။

0 comments:

Post a Comment