Abyss (2019)

16 Episodes

Rating : 7.8/10
Country : South Korean
Genre : Mystery,Comedy,Law,Romance,Fantasy
Cast : Park Bo Young , Ahn Hyo Seop

Abyss တဲ့ နာမည်လေးက ဆန်းသလို ဇာတ်လမ်းကလည်း ရိုးနေမှာမဟုတ်တာအသေချာ... tvN ဆိုတာနဲ့ တန်းသိလိုက်ပေတော့ပေါ့နော် 😉

သရုပ်ဆောင်တွေကလည်း ပရိတ်သတ်အချစ်တော်တွေ Kim Sa Rang , An Se Ha နဲ့ Park Bo Young , Ahn Hyo Seop တဲ့ ..ကဲကြည့် တွဲပေးထားတဲ့ ပုံစံကအစဆွဲဆောင် it အတွဲလေးတွေပေါ့လေ 😅🥰 ဇာတ်လမ်းကလည်း သဘာဝလွန်ဖြစ်ရပ်တွေနဲ့အတူ မှုခင်းလည်းလိုက်ရင်း အတွဲလေးလည်းချောင်းရင်း အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရှုရမှာပါတဲ့.. 😍💓

စိတ်ဝင်စားသူလေးတွေအတွက် ဇာတ်လမ်းပုံစံလေးက ဒီလို 👇🏻

Ko Se-Yeon (Kim Sa-Rang) က အရမ်းလှတဲ့အစိုးရရှေ့နေတစ်ယောက်ဖြစ်ပြီး သူမရဲ့လုပ်ငန်းခွင်မှာလည်း တော်တဲ့သူတစ်ယောက်ပါ သူမမတော်တဆမှု (လူသတ်မှု) တစ်ခုကြောင့် သေဆုံးခဲ့ပါတယ် Abyss လို့ခေါ်တဲ့ မှော်ဝင်ကျောက်တုံးလေးကြောင့် ပြန်လည်အသက်ရှင်သန်ခွင့်ရလာခဲ့ပေမယ့် သူမရဲ့ရုပ်ရည်သွင်ပြင်အကုန်လုံးမတူတော့ပါဘူး Ko Se-Yeon (Park Bo-Young) ကတော့သူမရဲ့လက်ရှိခန္ဓာကိုယ်ပါ ထူးဆန်းလှတဲ့ မှော်ဝင်ကျောက်တုံးလေးက လူတွေကို အသက်ပြန်သွင်းနိုင်ပေမယ့် ရုပ်ရည်သွင်ပြင်နဲ့ခန္ဓာကိုယ် အားလုံးကတော့ သေဆုံးသူရဲ့စိတ်ဝိဉာဉ်ဘယ်လောက်ကောင်းမွန်ခဲ့သလဲ ဆိုတာအပေါ်မူတည်ပြီး ပြောင်းလဲသွားပါလ်ိမ့်မယ်တဲ့
(Kim Se Rang ကနေ Park Bo Young ဆိုတော့ လူကောင်သိပ်မကွာပါဘူးလေ 🤣)

Cha Min (An Se-Ha) ကတော့ အလှကုန်ကုမ္ပဏီတစ်ခုရဲ့ဆက်ခံသူပါ သူကထက်မြက်ပြီး နှိမ့်ချနေတတ်သလို စိတ်သဘောနှလုံးသားလှသူပါတဲ့ Cha Min လည်းမတော်တဆမှု (လူသတ်မှု) တစ်ခုကြောင့် သေဆုံးခဲ့ပါတယ် သူလည်း Abyss လို့ခေါ်တဲ့ မှော်ဝင်ကျောက်တုံးလေးကြောင့် ပြန်လည်အသက်ရှင်သန်ခွင့်ရလာခဲ့ပေမယ့် သူ့ရဲ့ရုပ်ရည်သွင်ပြင်အကုန်လုံးမတူတော့ပါဘူး Cha Min (Ahn Hyo-Seop) ကတော့အရမ်းကို ခန့်ညားချောမောနေပါပြီ
(An Se Ha ကနေ Ahn Hyo Seop ??? ဟုတ်တော့ဟုတ်နေပြီ 😬 Abyssတောင်သွားလုချင်လာပြီ 😭😁)

Kim Sa Rang , An Se Ha အတွဲကနေ Park Bo Young , Ahn Hyo Seop အဖြစ်ပြောင်းလဲသွားကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဘယ်လိုတွေများ အမှုလိုက်ကြမလဲ ???
( အရပ်ကလေးကွာနေတာလေးကိုကလည်း တစ်မျိုးချစ်ဖို့ကောင်း 😁 Bo Young Unnie ကနော် တွဲလိုက်ရင် အမြဲသူ့နှစ်ပြန်ရှိတာတွေနဲ့ သူကပုသေးသေးနဲ့ တအားအူယားဖို့ကောင်း 😬🥰😘😘💓)

ဒါ့အပြင် Seo In Guk နဲ့ Jung So Min တို့ကလည်း အပိုင်း (၁) မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးဦးမှာပါ (နမူနာပုံတွေအဆို သေမင်း(Grim Reaper) အနေနဲ့များ ပါဝင်လာမလားမသိဘူးနော် ☺️

ထပ်လောင်း စိတ်ဝင်စားစရာကောင်းကတော့ Abyss ကိုတာဝန်ယူရိုက်ကူးမယ့် ဒါရိုက်တာ Yoo Je Won က Park Bo Young နဲ့အတူ “Oh My Ghostess (2015)”ဆိုတဲ့ပရိတ်သတ်အသည်းစွဲ (admin အသည်းစွဲ 😁) ဇာတ်ကားတစ်ကားကို ဖန်တီးခဲ့ဖူးသူလည်း ဖြစ်တာကြောင့် ဒီတစ်ခါရော ပရိတ်သတ်ကိုဘယ်လိုဆွဲဆောင်ဦးမလဲ.. ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါ

0 comments:

Post a Comment