Durgamati: The Myth (2020)


 

Rating : 4.0/10
Country : India
Genre : Horror, Thriller 
Cast : Bhumi Pednekar, Mahie Gill, Karan Kapadia 
Released Date : 2020
Duration : 2h 35min

အညွှန်း
Bhaagamathie ဇာတ်ကားကို အခြေခံပြီး ဒါရိုက်တာ G.Ashok က Durgamati ဇာတ်ကားလေးကို ဖန်တီးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေက ဘုရားရုပ်တု ၁၂ခု အခိုးခံလိုက်ရတယ်။ အစိုးရက ဒီအမှုမှာ အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက် ပါဝင်နေတယ်လို့ သံသယရှိတယ်။ ရေအရင်းအမြစ်ဝန်ကြီး အီစ်ဝါပရာဆက်ရဲ့ တရားမဝင်ငွေကြေးကိစ္စတွေကလည်း ပျံ့နှံ့နေတော့ သူ့နောက်ကြောင်းကို စုံစမ်းစစ်ဆေးဖို့ စီအိုင်အေကို တာဝန်ပေးလိုက်တာပေါ့။ စီအိုင်အေက သူ့အတွင်းရေးမှူးအဖြစ်ဆယ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျန်ဂျယ်ချာဟန်ကို စစ်ဆေးမေးမြန်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဂျန်ဂျယ်ဟာ သူ့ယောကျာ်းကိုသတ်ခဲ့တဲ့အမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့အကျဉ်းသားတစ်ယောက်ပေါ့။

သူမကိုစစ်ဆေးမေးမြန်းဖို့အတွက် တောထဲမှာရှိတဲ့ ဒက်ဂါမာတီအိမ်ကြီးဆီကို ခေါ်သွားကြတယ်။ ဒီအိမ်ကြီးက သရဲအရမ်းခြောက်တယ်လို့် နာမည်ကြီးတဲ့အတွက် ရဲတပ်သားတွေကလည်းကြောက်ရွံ့နေကြတာပေါ့။ ပထမညမှာတင်ဘဲ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ရတာကြောင့် သူမကိုဒီအိမ်ကြီးနဲ့ဝေးရာခေါ်သွားပေးဖို့ အရာရှိတွေကိုတောင်းပန်တာပေါ့။ ဒါပေမယ့် အရာရှိတွေ အယုံအကြည်မရှိခဲ့ဘူး တစ်ဖြည်းဖြည်း သူ့အခြေအနေပိုဆိုးလာပြီး စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ဆုံးဖြတ်လိုက်တယ်။ အိမ်ကြီးထဲက မကောင်းဆိုးဝါးနှိပ်စက်တာကြောင့် ဂျန်ဂျယ်တကယ် စိတ်ဝေဒနာသည်ဖြစ်သွားတာလား။ ဝန်ကြီးချုပ်နဲ့ ဂျန်ဂျယ်ကြားမှာ ဘာအပေးအယူတွေရှိနေလဲ။ စီအိုင်အေကရော လက်လျှော့လိုက်တော့မှာလား ဘာတွေဆက်ဖြစ်ကြမလဲ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှူလိုက်ပါဦး ပရိသတ်ကြီးရေ…

0 comments:

Post a Comment