A Gentelman's Dignity (2012)

16 Episodes

Rating : 8.4/10
Country : South Korean
Genre : : Friendship,Comedy,Romance,Drama,Melodrama
Cast : Jang Dong Gun , Kim Ha Neul,Kim Min Jong

ဆယ်ကျော်သက် လူငယ်အချစ်ဇာတ်လမ်းတွေချည်းပဲ ရိုးအီလာကြတယ့် ပရိသတ်တွေအတွက် အသက် 40 အရွယ် လူပျိုကြီးတို့ရဲ့ အချစ်ဟာသဇာတ်လမ်းလေးကို ရသအသစ်တစ်ခုအနေနဲ့ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ် ... ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်ထဲက ထွက်ရှိခဲ့တဲ့ နာမည်ကျော် Korean Comedy Series လေးတစ်ခုပဲ ဖြစ်ပါတယ် ... Main Cast တွေအနေနဲ့ Jang Dong-Gun, Kim Su-Ro, Kim Min-Jong, Lee Jong-Hyuk တို့နှင့်အတူ Kim Ha-Neul, Yoon Se-Ah တို့က ပါဝင်ထားပါတယ် .... Kim Do-jin ၊ Im Tae-san ၊ Choi Yoon နဲ့ Lee Jung-rok တို့ ၄ ယောက်ဟာ ငယ်ငယ်ထဲကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ် ... တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ ဆွဲဆောင်မှုရှိတဲ့ Architect တစ်ယောက်ဖြစ်တဲ့ Kim Do-jin နဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ ကျောင်းဆရာမလေး Seo Yi-soo တို့ အပျော်တမ်း baseball ပြိုင်ပွဲမှာ တွေ့ဆုံမိရာက သူတို့ 2 ယောက်ကြားမှာ romantic ဆန်တဲ့ ဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ် ... Seo Yi-soo က သူငယ်ချင်းရဲ့ရည်းစားကို တစ်ဖက်သတ်ကြိုက်နေတာကို Kim Do-jin သိသွားတဲ့အခါ ဘာတွေဖြစ်လာမှာလဲ? Seo Yi-soo ကရော သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ Kim Do-jin ကို ပြန်ချစ်နိုင်မှာလား? သက်လတ်ပိုင်းယောကျာ်းလေးယောက်ရဲ့ အချစ်နဲ့ဘဝအကြောင်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာတော့ တစ်ခေတ်တစ်ခါက ပျိုမေတို့ရဲ့ အသည်းစွဲဖြစ်တဲ့ ဒါရိုက်တာရင်လို့ခေါ်တဲ့ ဂျန်ဒေါင်ဂန်က ကင်ဒိုဂျင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ... တကယ်ကို ရီမောပျော်ရွှင်စေနိုင်တဲ့ ဇာတ်ကားအမျိုးအစားလေး ဖြစ်တဲ့အတွက် romantic comedy ကြိုက်သူတိုင်းအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် ... Rating အရ IMDb မှာ 8.1/10 နှင့် MyDramaList မှာ 8.4/10 အသီးသီး ရရှိထားပါတယ် ...

0 comments:

Post a Comment