Country : United State
Duration : 1h 36min
အညွှန်း
ဒီဇာတ်ကားကတော့ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ James Franco နဲ့ Seth Rogan တို့အတွဲရဲ့ လူသိပ်မသိတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ကျနော်တစ်ယောက်ထဲအမြင်အရဆိုရင် သူတို့အတွဲကလည်း လီယိုနာဒိုနဲ့ တိုဘီမဂွိုင်းယား၊ စီလီယန်မာဖီနဲ့ တွမ်ဟာဒီတို့အတွဲတွေလို ဟောလိဝုဒ်ရုပ်ရှင်လောကမှာ Chemistry အမိဆုံးတွဲဖက်တွေလို့သတ်မှတ်လို့ရပါတယ်။ သူတို့နှစ်ယောက်တွဲလိုက်တိုင်း ဟာသကားတွေပဲအရိုက်များပေမယ့် ဒီကားကတော့ဟာသကားမဟုတ်ပဲနဲ့ ကြည့်ရတာလေးလေးနက်နက်ရှိပြီး အိုဗာတွေလည်းလုံးဝမပါတဲ့ကားမျိုးပါ။
ဒီကားရဲ့အသက်ကတော့ ဇာတ်လမ်းဇာတ်အိမ်ထက် James Franco ရဲ့ရုပ်ရှင်ပညာကိုမြင်ရတာပါပဲ။ သူကိုယ်တိုင်ဖန်တီးပြီး ကိုယ်တိုင်သရုပ်ဆောင်သွားတာဘယ်နေရာမှအပိုအလိုမရှိတဲ့အပြင် သူ့ရဲ့အနုပညာဝမ်းစာဘယ်လောက်ပြည့်လဲဆိုတာကိုပြသွားတဲ့ကားမျိုးလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ ဇာတ်လမ်းဘက်ကိုသွားရရင်တော့ ၁၉၇၀ ပတ်ဝန်းကျင်ဟောလီးဝုဒ်မှာဇာတ်အိမ်တည်ထားပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ James Franco ဟာ ရုပ်ရှင်တွေကိုချစ်တာထက် မူးယစ်ဆေးလိုစွဲလမ်းနေတဲ့လူတစ်ယောက်ဖြစ်ပြီး သူအကြိုက်ဆုံးရုပ်ရှင်ဇာတ်ဝင်ခန်းကို ခေါင်းမှာပါတက်တူးထိုးထားတဲ့အထိပါပဲ။ ဒီလိုနဲ့သူကိုယ်တိုင်လည်းရုပ်ရှင်တွေဖန်တီးချင်တဲ့စိတ်ဖြစ်လာပြီး ဟောလီးဝုဒ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မပြောပဲကိုယ်တိုင်ကြည့်မှပိုအရသာရှိမယ်လို့ထင်တာကြောင့်မပြောတော့ပါဘူး။
သူနဲ့ Seth Rogan ရဲ့ Chemistry မိမိသရုပ်ဆောင်ချက်တွေအပြင် မင်းသမီးကလည်း Megan Fox ဆိုတော့ အဲဒါနဲ့တင်ကြည့်ရတာတန်နေပါပြီ။
ဒီဇာတ်ကားကဘာရသပေးချင်တာလဲ ဘာကိုပြချင်တာလဲဆိုတာတွေကိုအဓိကထားပြီးကြည့်တဲ့လူတွေနဲ့တော့ သိပ်မကိုက်နိုင်ပါဘူး။ American Psycho တို့လိုဇာတ်ကားပြီးသွားတာတောင် ကိုယ့်ဘာသာ concept တွေထုတ်ပြီးတွေးစရာတွေချန်ပေးခဲ့တာမျိုးပါ။
ဘာတွေတွေးရမလဲ ဘာတွေချန်ခဲ့မှာလဲ ဆိုတာသိချင်ရင် ပရိသတ်ကိုယ်တိုင်ပဲကြည့်ရှုခံစားပေးပါဦး။

0 comments:
Post a Comment