The Secret House (2022)


 

 

Episodes : 120
Country : Korea
Released Date : 2022
 
 

အညွှန်း

ဇာတ်လမ်းရှည်ကြိုက်တဲ့ပရိသတ်တွေအတွက် Second Husband အပြီး အပိုင်း ၁၂၀ ရှိတဲ့ ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။

ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ သဲလွန်စတွေနောက် လိုက်လံရှာဖွေရင်း သူ့ဘေးပတ်ဝန်းကျင်မှာတင်ရှိနေတဲ့ လျှို့ဝှက်ချက်ထဲ ပါဝင်ပတ်သက်မိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။

အဓိကပါဝင်ထားတဲ့ ကာရိုက်တာတွေကတော့…

မိသားစုရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရတဲ့ ရှေ့နေဖြစ်သူ Woo Ji Hwan …Woo Ji Hwan ရဲ့ အချစ်ဦးဖြစ်တဲ့ ထက်မြက်ပြီး နွေးထွေးတဲ့နှလုံသားပိုင်ရှင် ခွဲစိတ်ဆရာဝန်မလေး Baek Joo Hong …

ပိုက်ဆံ၊ အရည်အချင်း၊ မိသားစုနောက်ခံစတဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အမှုစစ် Nam Tae Hyung …

အစ်ကိုဖြစ်သူ Nam Tae Hyung ကို လက်စားချေဖို့ တိတ်တဆိတ်ကြံစည်နေတဲ့ ဗီလိန်မ Nam Tae Hee …

Nam Tae Hyung နဲ့ Nam Tae Hee တို့ရဲ့အမေဖြစ်ပြီး သားဖြစ်သူအတွက် ဘာမဆိုလုပ်နိုင်တဲ့ Ham Sook Jin …

ဒီလို Thriller နဲ့ Romance ပေါင်းစပ်ပါဝင်ထားတဲ့စီးရီးရှည်ကြီးကို လောင်လိုက်၊ ရိုလိုက်နဲ့ တဝကြီးခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

0 comments:

Post a Comment