Country :United State
Duration : 1h 41min
အညွှန်း
တစ်ချိန်က World’s Sex Symbol လို့ တင်စားခံရတဲ့ ဒီအမျိုးသမီးကို
ကျွန်တော်တို့ မွန်ရိုးလို့ ချစ်စနိုး ခေါ်ကြတယ်။ အနုပညာလမ်းကြောင်း
ပေါ်ကို ရောက်ရောက်ချင်းမှာပဲ အလှနဲ့ အရည်အချင်းကြောင့် တစ်မဟုတ်ချင်း
ကမ္ဘာကျော် ကြယ်တစ်ပွင့်ဖြစ်လာခဲ့တယ်။ ဒီလောက်ပြောနေတာမှ
မသိသေးဘူးဆိုရင် စကတ်လေဟပ်လို့ လက်နဲ့အုပ်ပြီး ရယ်နေတဲ့ ပါးမို့မှာ
အင်မတန် ဆွဲဆောင်မှု ရှိတဲ့ မှဲ့ပိုင်ရှင် မိန်းမလှလေးက မာရီလင် မွန်ရိုးပဲဗျာ။
ကဲ မျက်လုံးထဲ ပေါ်ပြီမလား။
ဒီလိုကမ္ဘာချစ်ပြီး တောက်ပတဲ့ အနာဂတ်ရှိတဲ့ အမျိုးသမီးဟာ တစ်နေ့မှာ
ရုတ်ချည်းသေဆုံးသွားခဲ့တယ်။ ပြောကြတာတော့ အိပ်ဆေးလွန်တာတဲ့။
ဒါပေမဲ့ ဒီစတားရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ဖုံးကွယ်မှုတွေ
ရှိနေသတဲ့ဗျ။ ဒီ Docu မှာမာရီလင် မွန်ရိုးရဲ့ ဘ၀နဲ့ သူ့ရဲ့ အချိန်မတိုင်ခင်
သေဆုံးမှု နောက်ကွယ်က အကြောင်းတွေကို လူတွေကို တစ်ခါမှ ချမပြဖူးတဲ့
၊ လူတွေ တစ်ခါမှ နားမထောင်ဖူးသေးတဲ့ တိတ်ခွေတွေနဲ့ ဆွေးနွေးတင်ဆက်
ထားတယ်။ တိတ်ခွေထဲက အသံတွေက မွန်ရိုးရဲ့ မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်
တွေရဲ့ အသံအစစ်တွေဖြစ်ပြီး သရုပ်ဆောင်တွေနဲ့ Lip-sync လုပ် ရိုက်ပြ
ထားတယ်။
ခင်ဗျားတို့ ရှေ့မှာ တစ်ခါက စတားတစ်ယောက်ရဲ့ နက်နဲပြီး အဖြေရှာမရတဲ့
ကိစ္စတစ်ခု Netflix ကတော့ ချပြလိုက်ပြန်ပြီ။ ဆိုတော့ကာ … ကြည့်ပြီး
ဝေဖန်လေကန် ခေါင်းစားရမှာ ကိုယ့်အလုပ်လို့ သဘောထားပြီး
စိတ်၀င်စားဖို့ကောင်းတဲ့ ဒီ Docu ကို ကြည့်ရင်း မာရီလင်မွန်ရိုးကို
လေ့လာကြည့်ကြဦးစို့…..

0 comments:
Post a Comment