Country : United State
Duration : 2h 56min
အညွှန်း
နာမည်ကြီးမင်းသား Robert Pattison ပါဝင်ထားတဲ့နောက်ဆုံးထွက် Batman ကားလေး့ိhdrip လေးထွက်လာလို့တင်ဆက်ပေးလိုက်ပါတယ်
မြို့ထဲကရာဇဝတ်မှုတွေကိုနှိမ်နင်းရင်း လူဆိုးတွေကိုရှင်းလင်းနေတဲ့လင်းနို့လူသားအတွက်
ပြိုင်ဘက်တစ်ယောက်ပေါ်လာခဲ့ပါတယ် အဲ့ဒီလူကတော့ရစ်ဒလာလို့ခေါ်တဲ့ နာမည်ကြီးနိုင်ငံရေးသမားတွေကို
ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့သတ်ဖြတ်မှုတွေဟာ
အရမ်းကိုလူမဆန်ဘဲ ရက်စက်ပေမယ့်သူကတော့ အမှန်တရားကိုရှာဖွေဖို့အတွက်ဆောင်ရွက်နေတာလို့ပြောပြီး
ဆိုရှယ်မီဒီယာမှာတောင်ဂုဏ်ယူကြွားဝါနေတဲ့သူပါ
ဒီလိုနဲ့လင်းနို့လူသားလည်း သူဘာလို့ ဒီလိုလူသတ်မှုတွေကို ကျူးလွန်နေရတာလဲသူပြောခဲ့သလိုအမှန်တရားဆိုတဲ့အရာကရော
ဘာအကြောင်းအရာများဖြစ်မလဲဆိုတာကိုလူသတ်သမားချန်ခဲ့တဲ့သဲလွန်စတွေကတဆင့်ဖော်ထုတ်စုံစမ်းရပါတော့တယ်
လင်းနို့လူသားအနေနဲ့ဒီရက်စက်တဲ့ကွင်းဆက်လူသတ်မှုတွေကို တားဆီးသွားနိုင်မလား
လူသတ်သမားရဲ့နောက်ကွယ်က ရည်ရွယ်ချက် အကြောင်းပြချက်ကရော
ဘာများဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
0 comments:
Post a Comment