Country :United State
Duration : 1h 22min
အညွှန်း
သင်ဟာ ခရီးသွားရတာကို ကြိုက်နှစ်သက်သူလား ၊ ရှုခင်းလှလှလေးတွေ မြင်တိုင်း ငေးတတ်သူလား ၊ ဒါမှမဟုတ် ခရီးသွားရင်း ရှုခင်းလှလှလေးတွေ ငေးတတ်သူလား ၊ ဒီထဲက တစ်မျိုးမျိုး ပါနေရင်တော့ ဒီကားလေးကို မလွဲမသွေ ကြည့်ရှုသင့်ကြောင်းပါနော်
ဇာတ်လမ်းအကျဉ်းကို ပြောရရင် အဲလက်စ်ဟာ သူ့ချစ်သူကောင်မလေး လီဆာကို လက်ထပ်ခွင့်တောင်းပြီးရင် နှစ်ယောက်အတူ Australia ကို ခရီးထွက်ဖို့တောင် စီစဉ်ထားသူပါ ၊ သူ့ချစ်သူက သူ့လက်ထပ်ခွင့်ကို လက်ခံမယ်ပဲ ထင်ထားသော်ငြား တကယ်တမ်းမှာ ငြင်းချလိုက်တဲ့အခါ စော်ငြင်းကောင်လေး ဖြစ်သွားတယ်ဆိုပါတော့ ၊ အဲဒါနဲ့ပဲ သူ့အသဲကွဲဒဏ်ရာကို ကုစားဖို့ သူ့ချစ်သူ မပါပေမယ့်လည်း Australia ခရီးကို တစ်ကိုယ်တော် ထွက်လာခဲ့တာပေါ့ ၊ တစ်မြို့၀င်တစ်မြို့ထွက်နဲ့ နေရာသစ်တွေအကြောင်း လေ့လာရင်း အချစ်ဒဏ်ရာလေးလည်း ကုစားရင်း ခြေဦးတည့်ရာ လျှောက်သွားနေတုန်း အရင်က အင်တာနက်ပေါ်က Forum တစ်ခုမှာ သူနဲ့ ခင်ခဲ့ဖူးတဲ့ မက်ကီနေတဲ့ မြို့ကို ရောက်လာပါတော့တယ် ၊ အဲဒီလိုနဲ့
သူနဲ့ ဆုံမယ်ပေါ့ဆိုပြီး ဆက်သွယ်လိုက်ခါမှ သူ မအားလို့ သူ့ညီမကို သွားကြိုပေးပါဆိုတော့လည်း မက်ကီညီမကို လေဆိပ်မှာ သွားကြိုဖြစ်တယ်ပေါ့
အဲဒီကနေ မက်ကီရဲ့ ညီမ ရွန်းနီ နဲ့ ဆုံဖြစ်သွားတာပေါ့ ၊ ကြိုပေးရုံနဲ့ မပြီးသေးဘဲ တခြားအကြောင်းတွေ ဆက်ဆက်လာလေတော့ ကားမောင်းပြီး ရွန်နီးကို Perth မြို့ကို လိုက်ပို့ဖြစ်တဲ့အထိ ဖြစ်လာပါတော့တယ် ၊ Perth မြို့ကို သွားတဲ့တလျှောက် ရှုခင်းတွေ ၊ သဘာ၀အလှအပတွေနဲ့ Australia ရဲ့ နယ်မြို့လေးတွေက ဘယ်လောက်လှပလဲဆိုတာပါ သိချင်ရင်တော့

0 comments:
Post a Comment