Glory of Special Forces (2022)


 

 

Episodes : 45
Country :China
Released Date : 2022
 
 

အညွှန်း

Yang Yang ပါဝင်ထားတဲ့

China special Forces(2022) ပဲဖြစ်ပါတယ်

Main Casts တွေကတော့

ကောင်မလေးတွေရဲ့ စိတ်ကူးထဲက BF material Yang Yang က

အထူးတပ်ဖွဲဝင်တစ်ယောက်ဖြစ်ဖို ကြိုးစားနေတဲ့ Yan Poyue အဖြစ်Go Go Squid2 ထဲAppledog လေး Li Yitong က

သတင်းနှင့်ပြန်ကြားရေးဌာနက အင်ဂျင်နီယာမလေး Ai Qianxueအဖြစ်

ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်

ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့

Yan Poyue ဟာ စည်းကမ်းတင်းကြပ်တဲ့ အဖေ့ကို

သက်သေပြဖိုအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ

အထူးတပ်ဖွဲဝင်အသစ် စုဆောင်းချိန်နဲ့ကြုံပြီး သူ့ရဲ့အိမ်မက်ဖြစ်တဲ့

အထူးတပ်ဖွဲဝင်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ရေးဆင်းခဲ့ပါတယ်

လေ့ကျင့်ရေးကာလတစ်လျှောက်လုံးမှာလည်း

စွမ်းဆောင်မှုကောင်းတွေရရှိအောင် ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပါတယ်

ဒါပေမယ့် အထူးတပ်ဖွဲဝင် ရွေးချယ်တဲ့အခါမှာတော့

အဖွဲခေါင်းဆောင်က သူ့ကို ဖယ်လိုက်ပြီး

အထူးတပ်ဖွဲဝင်တွေရဲ့ အစားအသောက်ကို

တာဝန်ယူရတဲ့ စားဖိုဆောင်အဖွဲမှာ တာဝန်ချပေးလိုက်ပါတယ်

စားဖိုဆောင်အဖွဲဟာ အစားအသောက်တာဝန်ကိုယူရတယ်ဆိုပေမယ့်

အထင်သေးလိုမရနိုင်အောင်ကို လူတော်တွေ အများကြီး

ပုန်းအောင်းနေတဲ့ အဖွဲဆိုလည်း မမှားပါဘူး

အိမ်မက်ကို အကောင်ထည်ဖော်ဖို အဆက်မပြတ်ကြိုးစားနေတဲ့

Yan Poyue တစ်ယောက် နောက်ဆုံးမှာတော့

အထူးတပ်ဖွဲဝင်ဖြစ်သွားခဲ့ပါတယ်

အဲ့နောက်မှာတော့ အဖွဲသားတွေနဲ့ အတူတူလေ့ကျင့်ရေးဆင်းရင်း

အထူးတပ်ဖွဲဆိုတာ တစ်ဦးကောင်းတစ်ယောက်ကောင်းရုံနဲ့

မဖြစ်နိုင်ဘူးဆိုတာကို တဖြေးဖြေးနားလည်သွားခဲ့ပါတယ်

အဖွဲသားတွေနဲ့ အတူတူ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း

ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှား သွားမှာလဲ~~~

အဖွဲခေါင်းဆောင်ကရော အရည်ချင်းရှိတဲ့သူ့ကို ဘာလိုမရွေးချယ်ခဲ့ရတာလဲ~~~

Actionကားတွေကြိုက်တဲ့သူတွေရော Vanguard2020 ထဲမှာ

Yang Yang ကိုကြည့်မဝသေးတဲ့ ပရိတ်သတ်တွေရော

အကြိုက်တွေ့စေမယ့် China Special Forces ဆိုတဲ့ဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်

0 comments:

Post a Comment