Munich: The Edge of War (2022)


Rating : 6.9/10
Country : United State
Genre :Biography,Drama,History,
Released Date : 2021
Duration : 2h 10min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့
The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..

ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး
ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။
ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက်
နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီ

ဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ်
ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ်
ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက်
ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ
ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က
ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ….

နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ
ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်

ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့
ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ်
ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း
တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ…
ဒါပေမယ့် သမိုင်းတွေအရ ဟစ်တလာကတော့ နယ်မြေချဲ့ထွင်မှုကိုဆက်လက် လုပ်ဆောင်ချင်တာကြောင့်
ပိုလန်ကို ကျူးကျော်စစ်ဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်ကိုဦးတည်ခဲ့ပါတော့တယ်

ဒါက ဒီရုပ်ရှင်မှာပါတဲ့ သမိုင်းဖြစ်စဉ်ပါ…
1917 ရုပ်ရှင်နဲ့ အော်စကာဇကာတင် မင်းသား Geroge MacKay က မြုူးနစ်ကိုသွားပြီး
ဟစ်တလာနဲ့ညှိနှိုင်းမဲ့ ဗြတိန်ကိုယ်စားလှယ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်
ဒီကားဟာ ဒုတိယ ကမ္ဘာစစ်ကိုတာဆူတော့မယ့် နာဇီတွေနဲ့ ဗြိတိန်တို့ကြားက ဆက်ဆံရေးနဲ့
အဲ့ဒီခေတ်က ဟစ်တလာ၊ ချိန်ဘာလိန်၊ မူဆိုလီနီတို့ကြားက ဆက်ဆံရေးကို သေချာရိုက်ပြထားပါတယ်
ကမ္ဘာ့သမိုင်းနိုင်ငံရေးတစ်ခေတ်ကို Cast ကောင်းကောင်း Dialogue ကောင်းကောင်းတွေနဲ့ပြန်ကြည့်ရမယ့်
Netflix ရုပ်ရှင်ဖြစ်လို့ ကိုယ်တိုင်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ်

 

0 comments:

Post a Comment