Meow (2021)


 

 

Rating : 7.6/10
Country :India
Genre :Comedy,Drama,
Released Date : 2021
Duration : 2h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆူလူဟာ ကျောင်းမပြီးသေးခင်မှာပဲ သူ့အဖေရဲ့ တိုက်တွန်းမှုကြောင့် ဒတ်စ်တာကီကို လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်ပြုရမှာကို စိတ်မဝင်စားတဲ့ဆူလူဟာ ဖခင်ရဲ့ဆန္ဒကို မငြင်းပယ်ရက်တာကြောင့် ဒတ်စ်တာကီရဲ့ ဈေးဝယ်စင်တာကိုသွားပြီးတော့ သူယူရမယ့်ယောက်ျားက ဘယ်လိုလူမျိုးလဲဆိုတာ လေ့လာဖို့သွားခဲ့ပါတယ်။ ဈေးဝယ်သူတိုင်းကို ကူညီဖေးမပေးတတ်တဲ့ ဒတ်စ်တာကီကို တွေ့တွေ့ချင်းမှာပဲ ဆူလူသဘောကျသွားခဲ့ပြီးတော့ ဒတ်စ်တာကီနဲ့လက်ထပ်ဖို့ သဘောတူလိုက်ပါတော့တယ်။

ဒတ်စ်တာကီဟာ ဆင်းရဲတဲ့ဘဝကနေလာခဲ့သူဖြစ်တာကြောင့် ငွေကြေးကို ချင့်ချိန်သုံးစွဲလေ့ရှိပါတယ်။ ဒတ်စ်တာကီနဲ့ ဆူလူဟာ ကလေးသုံးယောက်ရပြီးတဲ့နောက် သူတို့ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် ဒူဘိုင်းကိုပြောင်းလာပြီး အခြေချခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆူလူနဲ့ သားသမီးသုံးယောက် ဈေးဝယ်ထွက်ပြီးပြန်လာရာက အသုံးအစွဲများသွားတဲ့အတွက် လင်မယားနှစ်ယောက် စကားများကြပါတော့တယ်။ ဒတ်စ်တာကီရဲ့ စကားတွေကို သည်းမခံနိုင်တဲ့အတွက် ဆူလူဟာ သူ့မိဘအိမ်ကို ဆင်းသွားခဲ့ပါတယ်။ ဆူလူအိမ်ကထွက်သွားပြီးတော့ သားသမီးသုံးယောက်နဲ့ ဗျာများနေပါတော့တယ်။

တစ်နေ့ သူအိမ်ပြန်လာတဲ့လမ်းမှာ ဒတ်စ်တာကီဟာ ဂျမီလာဆိုတဲ့ မိန်းကလေးနဲ့ အမှတ်မထင်ဆုံမိရာက ဒုက္ခရောက်နေတဲ့ ဂျမီလာကို သူ့အိမ်မှာ အိမ်အကူလုပ်ဖို့ ခေါ်လာခဲ့ပါတော့တယ်။ ဂျမီလာရောက်လာပြီးတဲ့နောက် သူတို့အိမ်မှာ ဘာတွေဆက်ဖြစ်ကြမလဲ…. သူတို့အိမ်ထောင်ရေးရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့။

0 comments:

Post a Comment