Country : United State
Duration : 1h 55min
အညွှန်း
ခင်ဗျားတို့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ စိတ်ရောဂါသည်ကလေးတစ်ယောက်က ခင်ဗျားဘဝမှာဘယ်လောက်ထိအရေးပါနိုင်မလဲ။
စိတ်မကောင်းဖြစ်မယ် သူ့ကိုဖေးမမယ် ဒီလောက်ထိမပိုဘူး တွေးထားကောင်းတွေးထားလိမ့်မယ်။
ဒါပေမဲ့ ADD စိတ်ရောဂါသည်ကလေးတစ်ယောက်က လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့အမွေ ဖြစ်လာပြီး တသသ
ပြောနေရမယ့်လူမျိုးဖြစ်လာမယ်ဆိုရင်ရော……
ခင်ဗျားသေချာပေါက်အံ့ဩသွားမှာပဲ။
ဟုတ်ပါတယ် အဲ့ဒီ ADD ဖြစ်နေတဲ့ကောင်လေးဆိုတာ Juice WRLD ပါပဲ။
Billboard Best Artist ဆုရှင်၊ သူသေဆုံးပြီးတာတောင် သူ့သီချင်း သူ့အနုပညာတွေကိုနေရာတိုင်းမှာ ကြားနေရဆဲ၊ လူငယ့် အသံ
လူငယ့်မျှော်လင့်ချက်၊ Juice WRLD ဟာဒီလိုဂုဏ်တွေနဲ့လူမျိုးပါ။
တဖက်မှာလည်း သူ့ရဲ့စိတ်အခြေအနေကို ကောင်းကောင်းမထိန်းချုပ်နိုင်မှု၊ ငွေပုံကြားထဲက အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု
ဒါတွေဟာ Juice WRLD တွေ့ကြုံနေရတဲ့ပြဿနာတွေပါ။
အသက် 21 နှစ်သာရှိသေးတဲ့ Juice WRLD အတွက် လောကဓံဆိုတဲ့ချောက်က သိပ်နက်တယ်နဲ့တူပါတယ်၊ December 8 ရက်
2019 မှာတော့ သူတပ်ပြန်ဆုတ်သွားခဲ့ပါတယ်။
သူမသေဆုံးခင်အချိန်၊ သူ့ရဲ့ သီချင်းတွေ၊ သူ့ကောင်မလေး အယ်လ်လီ၊ သူ့အမေနဲ့ပတ်သက်မှု ဒါတွေကို ရိုက်ပြထားတဲ့ Vlog
တွေအားလုံးပေါင်းထားတဲ့ Documentary တစ်ခုပါပဲ၊ Juice ရဲ့ပုံရိပ်တွေကိုပြန်မြင်ယောင်ပြီး Juice
အသက်ရှင်နေသလိုထင်မိမှားသွားမယ့်
Juice WRLD: Into The Abyss ပါပဲ။
ဘဝမှာ လုပ်ချင်တာတွေနဲ့ လုပ်နေတာတွေထပ်တူကျခဲ့တဲ့ လူသားတစ်ဦးအကြောင်းပေါ့…
0 comments:
Post a Comment