Manchi Rojulochaie (2021)


 

Rating : 5.1/10
Country : India
Genre : Romance
Released Date : 2021
Duration : 2h 22min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါမှာတော့ ကိုယ့်ထက်သာရင်မနာလိုတတ်တဲ့လူတွေရဲ့စိတ်ထား,မိဘတွေရဲ့သားသမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာ,လူငယ်နှစ်ယောက်ကြားကအချစ်ရေးပြသနာစတဲ့ လူမှုရေးရာအဖြာဖြာနဲ့ရသမျိုးစုံကို ကြည့်ရူခံစားနိုင်မယ့် ဇာတ်လမ်းသစ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဂိုပလမ်က သူ့ရဲ့သမီးဖြစ်သူ(ပက်ဒူး)ကို ယုံကြည်ပြီးတော့ဒီသမီးအတွက်နဲ့ အတော်လေးလည်း ဂုဏ်ယူနေတဲ့အဖေတစ်ယောက်ပါ၊ဒါပေမဲ့ တခြားအဖေတွေလိုမျိုး ကိုယ့်ရဲ့သမီးကိုလမ်းမှားမရောက်စေချင်တဲ့စိတ်,ကောင်းစားစေချင်တဲ့စိတ်နဲ့အတူ သူ့ရဲ့မသိစိတ်ထဲမှာတော့ အမြဲသံသယလွန်ပြီးပူပန်နေတတ်တဲ့သူလည်း ဖြစ်ပါတယ်၊ သူ့ရဲ့သမီးဖြစ်သူအတွက် အမြဲဂုဏ်ယူ၀မ်းမြောက်နေတဲ့ ဂိုပလမ်ကိုသူ့ရဲ့မိတ်ဆွေဖြစ်သူနှစ်ယောက်က ဂိုပလမ်ရဲ့သမီးဖြစ်သူက ကောင်လေးတစ်ယောက်နဲ့တွဲနေပါတယ်ဆိုတဲ့အချက်နဲ့ သွေးထိုးပြီးသံသယ၀င်လာအောင်လုပ်ခဲ့ပါတော့တယ်၊အရွယ်ရောက်ပြီဖြစ်တဲ့သမီးဖြစ်သူမှာ ချစ်သူရည်းစားရှိတာကမဆန်းပေမယ့် ဘေးစကားတွေကြောင့် ဂိုပလမ်ရဲ့သမီးဖြစ်သူအပေါ်မှာထားတဲ့ ယုံကြည်စိတ်တွေက သံသယစိတ်တွေအဖြစ်ပြောင်းလဲလာခဲ့ပါတော့တယ်။

ဂိုပလမ်တစ်ယောက် သူ့ရဲ့သံသယစိတ်တွေကိုအနိုင်ယူပြီး သူ့သမီးဖြစ်သူနဲ့အရင်လို ဆက်ဆံရေးတစ်ခုကိုပြန်ရယူနိုင်ပါ့မလား၊ပက်ဒူးတစ်ယောက်ကရော သူ့အပေါ်မှာမယုံကြည်တော့တဲ့ သူ့အဖေဖြစ်သူနဲ့သူ့ရဲ့အချစ်ရေးကို ဘယ်လိုမျိုးဖြေရှင်းမလဲ…ရသစုံခံစားရမယ့်ဇာတ်လမ်းသစ်လေးကို အခုပဲ‌ကြည့်ရူခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။

0 comments:

Post a Comment