Country : United State
Duration : 1h 50min
အညွှန်း
ယခင်ကအရမ်းတော်ခဲ့တဲ့ ရဲစုံထောက်ဟောင်းချာလီ ဝေါလ်ဒိုဟာ အခုတော့တောင်ပေါ်မှာတယောက်တည်း ခြိုးခြံတဲ့ ပုံစံနဲ့နေထိုင်နေပါတယ်။တရက်မှာတော့သူ့အရင်ရည်းစားဟောင်းကရောက်လာပြီး အလုပ်ကမ်းလှမ်းတဲ့အခါမှာ ဝေါလ်ဒိုတယောက်လည်း ၀န်လေးပေမယ့် အခြေအနေအမျိုးမျိုးကြောင့်သူထားပစ်ခဲ့တဲ့လောကကိုပြန်လည်၀င်ရောက်ရပါတော့တယ်။သူအရင်ကကျင်လည်ခဲ့တဲ့ LA မြို့ကြီးကိုပြန်လာပြီးမိန်းမကိုမူးရူးပြီးသတ်တယ်ဆိုပြီးစွပ်စွဲခံရတဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတယောက်ကိုကူညီဖို့ အလွတ်စုံထောက်တယောက်အနေနဲ့စုံစမ်း ပေးဖို့ဖြစ်လာရပါတယ်။အများထင်သလိုရိုးရှင်းမနေတဲ့ လူသတ်မှုရဲ့ တကယ့်လက်သည်ကဘယ်သူလဲ၊ဝေါလ်ဒိုကရော ဘာလို့သုံးနှစ်လုံးလုံးလူတိုင်းနဲ့အဆက်အသွယ်ဖြတ်ပြီးတောင်ပေါ်မှာနေနေရတာလဲ၊သူ့အရင်ရည်းစားကရောဘယ်လိုလူတွေနဲ့ပတ်သက်နေတာလဲဆိုတာကြည့်ရှူရမှာပါ။ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက် သင့်တော်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာTim Kirkby ရိုက်ကူးထားပြီးCharlie Hunnam,Mel Gibson,Morena Baccarin,Lucy Fry တို့ပါ၀င်ထားပါတယ်
0 comments:
Post a Comment