Bob Biswas (2021)


 

Rating : 7.1/10
Country : India
Genre : Crime, Drama, Thriller
Released Date : 2021
Duration : 2h 11min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စိတ်၀င်စားစရာ မြှုပ်ကွက်တွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် crime-thriller အမျိုးအစား အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.2/10 rating ရထားပြီး အမီတာဘာချမ်းရဲ့သားဖြစ်သူ အက်ဘီရှက်ခ်ဘာချန်းက ခေါင်းဆောင်ပါ၀င်ထားပါတယ်။

ဘော့ဘ်ဘစ်ရှ်ဝါစ်ဟာ ၈ နှစ်ကြာ ကိုမာဖြစ်နေရာကနေ နိုးလာပေမဲ့ သူ့မိသားစုကိုတောင် မမှတ်မိနိုင်အောင် အတိတ်မေ့သွားခဲ့ပါတယ်။ သူ့မသိတဲ့ ပတ်၀န်းကျင်မှာ မမှတ်မိတော့တဲ့သူတွေကြား နေထိုင်ရတာ ဘော့ဘ်အတွက်တော့ မလွယ်ကူပါဘူး။ ဘယ်သူကအစစ်အမှန်လဲ၊ ဘယ်သူလူဆိုး ဘယ်သူလူကောင်းဆိုတာ ဝေခွဲရခက်စရာပါပဲ။ တစ်နေ့မှာ သူစိမ်းနှစ်ယောက်က သူ့ကိုချဉ်းကပ်ပြီး အရင်ကသူလုပ်ခဲ့တဲ့အလုပ်တွေ ပြန်လုပ်ပါဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ တစ်ဖက်မှာလည်း လူငယ်တွေကိုစွဲလမ်းစေတဲ့ မူးယစ်ဆေးတစ်မျိုး ခေတ်စားနေပြီး ဘော့ဘ်ရဲ့ မယားပါသမီးဖြစ်သူ မီနီကိုယ်တိုင် သုံးစွဲခဲ့မိပါတယ်။ အဲဒီဆေးဟာ မူးယစ်ရာဇာကြီးတစ်ယောက်နဲ့ ပတ်သက်မှုရှိနေပါတယ်။

ဘော့ဘ်ဆီချဉ်းကပ်လာတဲ့ သူစိမ်းနှစ်ယောက်က မူးယစ်ရာဇာနဲ့ ဘယ်လိုပတ်သက်နေလဲ၊ အသက်အာမခံအရောင်းသမားတစ်ယောက်အဖြစ် အသက်မွေးခဲ့တဲ့ ဘော့ဘ်ကရော မူးယစ်ဂိုဏ်းနဲ့ဘယ်လိုပတ်သက်နေမလဲ၊ သူ့အတိတ်က ဘာတွေဖြစ်ခဲ့သလဲ၊ သူ့ပတ်၀န်းကျင်မှာ ဘယ်သူက အယောင်ဆောင် ဘယ်သူကအစစ်အမှန်ဖြစ်နေမလဲဆိုတာတွေကို မြှုပ်ကွက်များစွာနဲ့ စိတ်၀င်တစား အ‌ဖြေရှာရင်း ကြည့်ရမှာပါ။ ဇာတ်အိမ်ခိုင်ခိုင်နဲ့တကယ်ကောင်းတာမို့ အချိန်ပေးကြည့်ဖို့တန်တဲ့ ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါတယ်နော်။

0 comments:

Post a Comment