Sweet River (2020)


 

Rating : 5.0/10
Country : United State
Genre : Mystery, Thriller, Horror
Released Date : 2020
Duration : 1h 42min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်​ယောက်ကို

ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ “​ပျောက်​သောသူ ကြာရင်​မေ့”

ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်​သောအခါမှ

ကုစားမရတဲ့ ​နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း

ရှိတတ်တယ် မဟုတ်လား၊ တချို့ ​ပူ​ဆွေးမှု​တွေဆိုရင်

ကိုယ်တိုင် ​မေ့​ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ

ဖြစ်​နေတတ်တာမျိုး​​မှတ်လား။ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါ​ပေမဲ့

အဓိကဇာတ်​ဆောင်၂​ယောက်ရဲ့ ဇာတ်​ကောင်အ​ပေါ်

စီး​မြောမှု၊ သရုပ်​ဆောင်မှု​တွေ​အောက်မှာ ဒီဇာတ်ကားဟာ

Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊

သို့​ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ​ပ​ဟေဠိ

ဆန်မှု၊ ​ခြောက်ခြားဖွယ်​ကောင်းမှု​ကိုလည်း လျော့မသွားဘဲ

ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲ​ဆောင်မှုရှိတဲ့အချက်ပါကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး

​သေသလား၊ ရှင်သလား​တောင် မသိတဲ့အ​ခြေအ​နေအတွက်

မိခင်ဖြစ်သူ Hanna ဟာ ​ချောင်ကျတဲ့ Billinsမြို့​လေးကို

ကိုယ်တိုင်စုံစမ်းအ​ဖြေရှာဖို့ တစ်​ကျော့ပြန်​ရောက်လာခဲ့ပါတယ်၊

သားသည်မိခင်​တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး

ဆိုသလို သား​​​ဇောနဲ့ မရမကအ​ဖြေရှာဖို့ ကြိုးစား​နေတဲ့

Hannaအတွက် အချိန်ကြာ​လေ၊ သိရှိလာ​လေက​တော့

သူရှာ​နေတဲ့အ​ဖြေဟာ ဒီမြို့​လေးရဲ့ လျှို့ဝှက်ချက်နဲ့

ပတ်သတ်​နေသလို ဒီမြို့ကရှင်သူ​​​တွေရော၊ ​သေဆုံးပြီးသူ​

တွေ​ရောက ဒီလျှို့ဝှက်ချက်ကို မ​ပေါ်​ပေါက်​စေလိုတာ၊

သူ့ကိုဒီမြို့မှာ အလိုမရှိ​တော့မှန်း သိလာတဲ့အခါ…

ဒီ​တောမြို့​လေးရဲ့လျှို့ဝှက်ချက်က ဘာ​​များဖြစ်​နေလို့လဲ၊

ဘာ​​ကြောင့်များ သူတို့​တွေဖုံးကွယ်ထားချင်တာလဲ၊

Hannaအ​ပေါ် ဘယ်လိုသ​ဘာဝလွန်ကိစ္စ​တွေ ဖြစ်လာမလဲ၊

​ပျောက်ဆုံးသွားတဲ့သားဖြစ်သူနဲ့​ရော ပြန်ဆုံ​တွေ့နိုင်မှာလား

စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ သည်းထိပ်ရင်ဖို

ဆန်တဲ့Horrorကား​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။

0 comments:

Post a Comment