Romantic (2021)


 

Rating : 5.8/10
Country : India
Genre : Action, Drama, Romance
Released Date : 2021
Duration : 2h 15min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။

သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ သူတို့၂ဦးကလည်း Living the Moment ကို အပြည့်အဝခံစားကြ ရိုကြပေါ့။အခက်အခဲ​တွေကြား ပြဿနာ​တွေကြားမှာ ဗက်စကိုတစ်​ယောက် သူ့ရဲ့အချစ်​တွေကို နားလည်သွားနိုင်မလား။ ဗက်စကို နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်ထောက် ကော်မရှင်နာ မမကြီးကပဲ သူ့ကို သံတိုင်တွေနောက်ပို့တာ ခံရမလား။ သူ့ဖခင်အတွက်

ပြန်လည် လက်စား​ချေနိုင်မလားဆိုတာ​တော့ ROMANTIC ဆိုတဲ့ ဒရာမာအက်ရှင်ကား​လေးကို အား​ပေးကြလိုက်ပါဦး။

0 comments:

Post a Comment