Country : United State
Duration : 1h 30min
အညွှန်း
Time traveller ဇာတ်ကားတွေ၊ Multiverse theoryတွေဟာ
Back to the Future trilogyကစလို့ ဒီဘက်ခေတ် Interstellar၊
ဂျာမန်စီးရီး Dark၊ Tenetတို့လို ကားမျိုးတွေကနေ လက်ရှိ
Box office ရဲ့ဆရာတစ်ပါးလို ဖြစ်နေတဲ့ MCU franchise
တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသလို ဒီtheoryရဲ့
နက်ရှိုင်းမှုနဲ့ ဒါရိုက်တာအသီးသီးရဲ့ ပညာစွမ်းတွေကြောင့် Time
travelကားဟေ့၊ multiverseကားဟေ့လို့ဆိုတာနဲ့ ပေါက်တာ
များသလို တကယ်လည်း ကြည့်ကောင်းကြတာ များပါတယ်ဒီဇာတ်ကားဟာလည်း Budgetနိုင်နိုင်သုံးတဲ့ Amazon Primeက
ရိုက်ကူးထားတဲ့ Sci-fic ,Dramaပဲဖြစ်ပါတယ်၊ ဇာတ်လမ်းနာမည်
အတိုင်းပဲ Multiverse themeပေါ်မှာ အခြေခံရိုက်ကူးထားတာပါLoretta, Amy, Dannyနဲ့ Jerryတို့ သူငယ်ချင်းလေးယောက်က
ကိုယ်လက်ရှိနေတဲ့ စကြဝဠာနဲ့ ထပ်တူညီတဲ့စကြဝဠာတွေရှိတယ်လို့
တထစ်ချယုံကြည်ထားပြီး အဲဒီကမ္ဘာတွေကို ရှာဖို့ဆုံးဖြတ်ထားတဲ့
စိတ်တူကိုယ်တူသူငယ်ချင်းတွေပါ၊သူတို့ရဲ့သီအိုရီမှန်ကန်ကြောင်း လမ်းစတွေ့တဲ့အချိန်မှာပဲ Loretta
တစ်ယောက် မတော်တဆမှုတစ်ခုကြောင့် သေဆုံးပြီးသူတို့ရဲ့
ရှာဖွေမှုဟာလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်၊ ဒါပေမဲ့
အဲဒီမတော်တဆမှုအပြီး ၅လအကြာမှာ သေဆုံးသွားပြီလို့
ထင်ရတဲ့ Lorettaက သူငယ်ချင်းတွေဆီ ပြန်ရောက်လာတဲ့အခါ….
ဒီဇာတ်လမ်းက multiverse theoryထဲက ပုံစံအသစ်အဆန်း
တစ်မျိုးကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ ရိုက်ကူးထားတာပါ၊
Multiverseလည်း ပါမယ်၊ အဲဒီမှာမှ Time travel theoryပါ
ထပ်ပေါင်းတော့ တော်တော်မျက်စိလည်ပါမယ်၊ ကြည့်နေရင်းနဲ့ကို
အရှေ့ကို ပြန်ကြည့်ရတာတွေများပါမယ်၊ Final Sceneဟာဆိုရင်
multiverse and time travel ဇာတ်ကားဆိုတာနဲ့လိုက်အောင်
လုံးဝ mind-blowingပါပဲ၊ဒီtheoryတွေကို စိတ်ဝင်စားတဲ့သူ၊ စဉ်းစားရင်း အတွေးနယ်ချဲ့ရတာ
သဘောကျတဲ့သူဆိုရင် ဒီရုပ်ရှင်ကို သဘောကျမှာ သေချာပါတယ်
0 comments:
Post a Comment