Circle of Deception (2021)


 

Rating : 5.1/10
Country : United State
Genre : Crime, Drama
Released Date : 2021
Duration : 1h 27min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။သူရေးခဲ့တဲ့ ” Stranger beside me” ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမား

Ted Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ “Practice to Deceive”ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက်သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Brannyတစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာကPeggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လိုဇာတ်လမ်းတွေပတ်သက်လာမှာလဲ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ဇာတ်လမ်းလေးက တစ်ကယ့်ဖြစ်ရပ်ကိုမှီငြမ်းရိုက်ထားတာဖြစ်တဲ့အပြင် plot လေးနဲ့ဆိုတော့ မှုခင်းဇာတ်လမ်းလေးပီသတဲ့ကားလေးလို့ဆိုရတော့မှာပါ။

0 comments:

Post a Comment