Blue Streak (1999)


 

Rating : 6.3/10
Country : United State
Genre : Action, Comedy, Crime
Released Date : 1999
Duration : 1h 33min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်…ဒီကားက သာမန်ဟာသကားတွေနဲ့မတူ …မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင်ဉာဏ်ကလည်းကောင်းတယ်….ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း

အမိုက်စား…Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်…ဒီကားကြည့်ပြီးရယ်နေတာကိုတစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီးနင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်…သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလိုခုလည်း ငါပျော်နေပါတယ်လို့ခပ်ပြုံးပြုံးလေးပြောမိတယ်….ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်….အရင်က အသည်းကွဲပြီးဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ…စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်…ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်……..ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်….မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်…..Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်….သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး…တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်…သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်…စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်…..ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်…….အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ…ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ …..ခံစားကြည့်လိုက်ပါ …..နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး…

0 comments:

Post a Comment