Black Friday (2021)


 

Rating : 4.7/10
Country : United State
Genre : Comedy, Horror
Released Date : 2021
Duration : 1h 24min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Horror လည်း ကြည့်ချင် ရယ်လည်း ရယ်ရချင်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် Black Friday လို့ အမည်ရတဲ့ Horror Comedy Movie တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်


Black Friday ဆိုတဲ့ အဓိပ္ပါယ်ကတော့ Thanksgiving Day ကျေးဇူးတော်နေ့ပြီးတဲ့ နောက်နေ့ သောကြာနေ့ ကို ခေါ်တာ ဖြစ်ပါတယ် ၊ အနောက်နိုင်ငံအများစုမှာ Black Friday ကိုရောက်ပြီဆိုရင် ခရစ်စမတ်အကြို ဈေးရောင်းပွဲတော်စတင်လေ့ရှိကြပါတယ် ၊ နေရာအနှံ့က ကုန်တိုက်တွေဈေးတွေမှာ လျှော့ဈေးတွေကုန်ပစ္စည်းတွေ မျိုးစုံနဲ့ လူတွေ ကြိတ်ကြိတ်တိုးပြီး ယာဉ်ကြောပိတ်ဆို့မှုတွေအထိဖြစ်ကြလို့ နာမည်ကြီး နေ့တစ်နေ့ပေါ့


အဲဒီနေ့မှာ ဖွင့်တဲ့ ဆိုင်တွေထဲ “We Luv Toys” ဆိုတဲ့ အရုပ်ဆိုင်လည်း ပါတာပေါ့ ၊မန်နေဂျာကအစ သန့်ရှင်းရေး၀န်ထမ်းအဆုံး အလုပ်ရှုပ်နေကြတဲ့ နေ့ဆိုလည်းမမှားပါဘူး ၊ အလုပ်ပြီးလို့ ဘောနပ်စ်ထုတ်ပြီး အိမ်ပြန်တဲ့အခါ မိသားစုနဲ့အတူ ကျေးဇူးတော်နေ့စားပွဲလုပ်ပြီး အချိန်ကုန်ဆုံးကြမယ်လို့ မျှော်မှန်းထားကြတာပေါ့ ၊


ဒါပေမယ့်လည်း သူတို့ရဲ့ စိတ်ကူးကို ဖျက်ဆီးမယ့်အရာက ပေါ်လာပါတော့တယ် ၊ အဲဒါက ဘာလဲဆိုတော့ ဂြိုဟ်သားကပ်ပါးကောင်တစ်ခုက ဥက္ကာခဲတစ်ခုကနေ ထွက်လာပြီး သူတို့ဆိုင်မှာ ကပ်နေတာပါ ၊ ဘယ်သူကတော့ ဒါကို ကြိုသိနေပါ့မလဲနော် ၊ အဲဒီကပ်ပါးကောင်ကနေ တစ်ယောက်ကို ကပ်လိုက်ပြီး Zombie လိုမျိုးတွေဖြစ် အဲဒီကနေ ‌၀ယ်သူတွေအထိပါ တစ်စ တစ်စနဲ့ ဘယ်လို ဖျက်ဆီး နှောင့်ယှက်မလဲ ၊ ဒီဆိုင်ထဲကနေ ထွက်သွားနိုင်ပြီး သူတို့ရဲ့ မိသားစုနဲ့အတူ အချိန်ကုန်ချင်တဲ့ ဆန္ဒတွေရော ပြည့်၀နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

0 comments:

Post a Comment