Country : United State
Duration : 2h 11min
အညွှန်း
ဒီရုပ်ရှင်ကားဟာ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်အနေနဲ့ ပြသခဲ့တာ ဖြစ်ပြီး IMDb rating 6.7 ၊ RT 84% စတဲ့ rating ကောင်းတွေ ရရှိထားတာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်
အချစ်ဆိုတာ ဘယ်အရာနဲ့မဆို ဖြစ်ပေါ်နိုင်တယ်တဲ့ ၊ အထည်ဆိုင်က အရုပ်မနဲ့လည်း အချစ်ဖြစ်ပေါ်နိုင်သလို
ကိုယ့်အိမ်က ရေဒီယိုအဟောင်းကြီးနဲ့လည်း အချစ်ဖြစ်နိုင်တာပဲ ၊ သက်ရှိမှ မဟုတ် ၊ သက်မဲ့နဲ့ပါ အချစ်ဖြစ်ပေါ်နိုင်ပါတယ်တဲ့
ဒီဇာတ်လမ်းမှာတော့ အချစ်ဖြစ်ပေါ်လာပုံက တစ်မူထူးပါတယ် ၊ ဘာလို့လဲဆို စစ္စတာ (မြန်မာအခေါ် သီလရှင်) နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းမို့လို့ပါ ၊ စိတ်၀င်စားသွားပြီဟုတ်🤭
Benedetta ဟာ ကလေးဘ၀တည်းက စစ္စတာ ဖြစ်ခဲ့သူ ဖြစ်ပါတယ် ၊ နောက်တော့ သူ အရွယ်ရောက်လာတယ်ပေါ့ ၊ အဲဒီ စစ္စတာဘ၀နဲ့ပဲ ဆက်ရှိနေတုန်း သူရှိတဲ့ ဘုရားကျောင်းကို Bartolomea ဆိုတဲ့ ကောင်မလေးက ဒုက္ခတွေနဲ့ ရောက်လာပြီး အဲဒီကျောင်းမှာပဲ သူလည်း စစ္စတာဖြစ်လာပါတယ် ၊ အဲဒီကနေ တဖြည်းဖြည်းနဲ့ အနေနီးပြီး ခံစားချက်တွေ ပေါ်လာတယ် ဆိုပါတော့ ၊ LGBT ကို သိပ်ပြီး လက်မခံကြသေးတဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ဒီလိုအဖြစ် ပေါ်လာပြီး ချစ်မိနေသူတွေကလည်း သာမန်လူတွေ မဟုတ်တဲ့ စစ္စတာ နှစ်ဦး ဆိုတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လို ရှေ့ဆက်သွားကြမလဲ ၊ ပေါင်းဖက်နိုင်ပါ့မလားဆိုတာကိုတောာ ကြည့်ရှုလိုက်ရအောင်နော်…
0 comments:
Post a Comment