A Boy Called Christmas (2021)


 

Rating : 6.7/10
Country : United State
Genre : Adventure, Drama, Family
Released Date : 2021
Duration : 1h 46min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ခရစ္စမတ်ကာလကလည်း နီးလာပြီဆိုတော့ ပရိသတ်ကြီးကို ဒီတစ်ခါမှာ အချိန်ပေးကြည့်ရှူရကျိုးနပ်မယ့် ခရစ္စမတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။


ဒီဇာတ်ကားကိုကြည့်နေရင်းမှာ ခရစ္စမတ်ဘယ်လိုမျိုးဖြစ်ပေါ်လာရသလဲဆိုတာကို ပုံပြင်လေးတစ်ပုဒ်ကိုနား‌ထောင်‌နေ ကြည့်နေရသလိုခံစားချက်ကိုရစေမှာပါ၊ ခရစ္စမတ်ဘယ်ကစဆိုရင် ခရစ္စမတ်ကစတယ်လို့ပဲဆိုရမလိုပါပဲ၊


ဟိုးရှေးရှေးတုန်းက နစ်ကိုလပ်စ်လို့ခေါ်တဲ့သာမန်ကောင်လေးတစ်ယောက်က သူ့အဖေနဲ့အတူ တောအုပ်လေးတစ်ခုထဲမှာနေထိုင်ပါတယ်တဲ့၊‌ သေဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့အမေဖြစ်သူအသက်ရှိစဉ်က နစ်ကိုလပ်စ်ကို ခရစ္စမတ်လို့ခေါ်ပါတယ်၊


ဒီလိုနဲ့တစ်နေ့မှာ နစ်ကိုလပ်စ်တို့နေထိုင်တဲ့တိုင်းပြည်က ဘုရင်ကြီးက တိုင်းသူပြည်သား‌တွေကိုစုဝေးပြီး ခက်ခဲတဲ့အချိန်တွေနဲ့ရင်ဆိုင်နေရတဲ့ သူ့ရဲ့ပြည်သူပြည်သားတွေရဲ့မျှော်လင့်ချက်တွေကိုပြန်လည်ယူဆောင်နိုင်မယ့် အရာတစ်ခုကို ရှာဖွေဖို့ အမိန့်တစ်ခုထုတ်လိုက်ပါတယ်တဲ့၊ရှာဖွေနိုင်တဲ့သူကိုလည်း ဆုလာဘ်ကြီးတစ်ခုကို ချီးမြှင့်မှာပါ၊


အဲဒီအတွက် နစ်ကိုလပ်စ်ရဲ့အဖေဖြစ်သူက ပုံပြင်ထဲက နတ်သူငယ်တို့နေထိုင်ရာ အဲလ်ဖမ်းနတ်မြို့တော်ကိုရှာဖွေဖို့အတွက် ထွက်ခွာသွားခဲ့ပါတယ်၊အချိန်တစ်ခုကိုရောက်တဲ့အထိ အဖေဖြစ်သူက ပြန်မလာတဲ့အခါမှာတော့ အဲလ်ဖမ်းနတ်မြို့တော်ကိုရှာဖို့ နစ်ကိုလပ်စ်‌တစ်ယောက် မြောက်၀င်ရိုးစွန်းကိုထွက်ခဲ့ပါတော့တယ်၊


နစ်ကိုလပ်စ်တစ်ယောက် ဖခင်ဖြစ်သူနဲ့ပြန်လည်တွေ့ဆုံနိုင်ပါ့မလား ,အဲလ်ဖမ်းနတ်မြို့တော်ကရော တကယ်တည်ရှိနေတာလား, သူတို့ရဲ့ရှာ‌ဖွေမှုခရီးကရော ခရစ္စမတ်ဖြစ်ပေါ်လာပုံနဲ့ဘယ်လိုသက်ဆိုင်နေမလဲ.. ကဲအခုပဲ ကြည့်ရှူခံစားလိုက်ပါဦး၊

0 comments:

Post a Comment