Titane (2021)


 

Rating : 7.1/10
Country : United State
Genre : Drama, Horror, Sci Fi
Released Date : 2021
Duration : 1h 48min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Art Filmတွေကို ရွေးတာများတဲ့

နာမည်အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့

ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့

Palme d’Orကို ရခဲ့တဲ့ ရုပ်ရှင်ပါ။

ဒီနှစ်ရဲ့ ခုထိအချိန်အတွင်းမှာ Art Filmလိုင်း

Horrorလိုင်းမှာ အနောက်ရုပ်ရှင်ဖန်တွေကြား

လူပြောအများဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။တစ်ချို့ကတော့ Titaneကို ဘာမှန်းမသိခြင်းနဲ့

surrealismဆန်ခြင်းဆိုတဲ့အပိုင်းမှာ

သူ့လိုင်းက နာမည်ကြီးကားတွေဖြစ်ခဲ့တဲ့

Midsommarနဲ့ David Lynchရဲ့

Earserheadထက်ကို အတော်သာတဲ့

မာစတာပိစ်ရုပ်ရှင်လို့ဆိုကြပါတယ်။

ရှင်းရှင်းပြောရရင် ဘာမှန်းမသိတဲ့နေရာမှာ

သာတာပါ။ Horror/Thrillerလိုင်းရဲ့

နတ်ဘုရားသဖွယ်ဖြစ်နေတဲ့

A24 Fanတွေကလည်း Titaneကို

အတော်သဘောကျနေကြတယ်။

ဇာတ်ကြောင်းကို စာ၂ကြောင်းလောက်ရေးပြ

လိုက်ရင် အ‌တော်စိတ်၀င်စားသွားကြမှာပေမဲ့

ကျွန်တော်လည်း ဘာမှန်းမသိဘဲ

ကြည့်ရင်းမှ ဘာလဲဟဆိုပြီး ဖြစ်ခဲ့ရတာမို့

အဲဒီ၂ကြောင်းလောက်ကို ပြောမိရင်ကို

နည်းနည်းပေါ့သွားမယ် ယူဆလို့

မပြောတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီးပဲ

ဘာလဲဟ လိုက်ကြပါတော့။ Cinematographyအပိုင်းမှာလည်း

အတော်လေးချီးကျူးခံထားရပါတယ်။

လက်ရှိ‌ခေတ်ထထားတာ မကြာသေးတဲ့

နီယွန်ညဆန်ဆန်တွေလည်း တွေ့ရတယ်။

သတိချပ်စရာက Horror Thrillerပေမဲ့

Body Horrorပါ။ကျန်တာတော့

လန့်စရာ မပါပါဘူး။ဟုတ်ကဲ့ ဒီရုပ်ရှင်ဟာ မာစတာပိစ်ရုပ်ရှင်ပါပဲ။

သောက်ကျိုးနဲ ကြောင်တောင်နေတဲ့

ဘာပြချင်တာလဲဆိုတဲ့အချက်ကို ဖမ်းမရတဲ့

ဘုရားစူး မာစတာပိစ်ပါပဲ။

ရုပ်ရှင်ဟာ ဘာကိုမှ ပြဖို့ တာ၀န်မရှိပါဘူး။

Art Houseရုပ်ရှင် ပီပီသသပဲ

ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံက

ပရိတ်သတ်ဘက်ကိုငဲ့ပြီး အကုန်ချပြမထားဘဲ

သူပြချင်တဲ့နားကို ပြချင်သလောက်ပြထားတော့

ကိုယ့်ခံစားမှုနဲ့ ကိုယ်ဖြည့်စွက်ရတာလေးတွေတော့

ပါပါတယ်။ဒါရိုက်တာဟာPalme d’Orရခဲ့တဲ့

ဒုတိယမြောက် အမျိုးသမီးဒါရိုက်တာအဖြစ်

သမိုင်းတွင်သွားခဲ့ပါပြီ။

နောက်နှစ် အော်စကာပွဲမှာလည်း

International Feature Filmအဖြစ်

၀င်ပြိုင်ဖို့ ရွေးချယ်ခံ ထားရပါတယ်။

0 comments:

Post a Comment