Blue Bayou (2021)


 

 

Rating : 7.1/10
Country : United State
Genre : Drama
Released Date : 2021
Duration : 1h 57min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒရမ်မာဇာတ်လမ်းကောင်းကောင်းကိုမှ အပီအပြင်ခံစားချင်သူတွေအတွက် ဖြစ်ရပ်မှန်ဒရမ်မာဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မွေးစားခံလိုက်ရတဲ့ အမေရိကန်ရောက် ကိုရီးယားလူမျိုးတစ်ယောက်ရဲ့ဘ၀ကို စိတ်၀င်စားစရာပုံဖော် ရိုက်ကူးထားပါ။

Antonio LeBlanc ဟာ ငယ်စဉ်ကတည်းက မွေးစားခံရတဲ့ အမေရိကန်ရောက် ကိုရီးယားလူမျိုးတစ်ယောက်ပါ။ တွေ့နေကျရုပ်ရှင်တွေထဲကလို အမေရိကန်ကမွေးစားခံလိုက်ရလို့ ဘ၀ကြီးသာယာသွားတဲ့ထဲတော့ အန်တိုနီယိုတစ်ယောက် မပါခဲ့ပါဘူး။ တက်တူးထိုးဆရာအဖြစ် အသက်မွေးတဲ့ အန်တိုနီယိုဟာ ဇနီးသည် ကတ်သီ၊ ဇနီးဖြစ်သူရဲ့သမီးငယ် ဂျက်ဆီတို့နဲ့အတူ နေထိုင်ပါတယ်။ ကတ်သီတစ်ယောက် ကိုယ်၀န်ဆောင်ချိန်မှာတော့ သူတို့အတွက် ပိုက်ဆံပိုရှာဖို့လိုပါတယ်။ အဲဒီကြားထဲပြဿနာတွေတက်ပြီး အန်တိုနီယိုတစ်ယောက် နိုင်ငံထဲက နှင်ထုတ်ခံရမယ့်အရေး ကြုံလာပြန်ပါတယ်။ သူထွက်မသွားရရေးအတွက် ရှေ့နေငှားရတာကြောင့် ပိုက်ဆံပိုလိုလာပါတယ်။ ဒီလိုနဲ့ သူအရင်က ပြစ်မှုအတူကျူးလွန်ဖူးတဲ့ အပေါင်းအသင်းတွေဆီ ပြန်သွားရမယ့်အခြေအနေမျိုး ဖြစ်လာပါတော့တယ်။

အန်တိုနီယိုဟာ သူချစ်တဲ့မိသားစုနဲ့ မခွဲရဖို့အရေး ကြိုးပမ်းရင်း ပြစ်မှုတွေ ထပ်တိုးလာမလား၊ ရှေ့ဆက်ပြီး ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေ ကြုံတွေ့ရမလဲဆိုတာ ပြုံးတလှည့် ငိုတလှည့် ကြည့်ကြရမှာပါ။ ခွဲခြားဆက်ဆံခံရတဲ့ ဘ၀၊ မျက်နှာသာမပေးတတ်တဲ့ ကံကြမ္မာ၊ မိသားစုမေတ္တာတို့ကို လှိုက်လှိုက်လှဲလှဲခံစားရအောင် ပုံဖော်ထားပြီး အရမ်းကောင်းတဲ့ ဒရမ်မာဇာတ်လမ်း‌လေးမို့မျက်ရည်ခိုင်မှ ကြည့်ကြပါနော်။ ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသား သရုပ်ဆောင်မင်းသား Justin Chon ကိုယ်တိုင် ‌ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားပါတယ်။

0 comments:

Post a Comment