Worth (2020)


 

 

Rating : 6.8/10
Country : United State
Genre : Drama, Biography, History
Released Date : 2021
Duration : 1h 58min

အညွှန်း

ဘ၀တစ်ခုကိုဈေးဖြတ်ကြည့်ကြရမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘ၀က ဘယ်လောက်တန်ဖိုးရှိမယ်ထင်ပါသလဲ

ရှေ့နေတစ်ဦးဖြစ်တဲ့ မစ္စတာ ဖိုင်းဘာ့ဂ်က စက်တင်ဘာ ၁၁ ရက်နေ့ကဖွဲ့စည်းခဲ့တဲ့ “Victim Compensation Fund”အဖွဲ့အစည်းရဲ့ တာ၀န်ရှိသူတစ်ယောက်ပါ၊ ဒီအဖွဲ့က မတော်တဆမှုဖြစ်ပြီးနောက်မှာ လေကြောင်းလိုင်းတွေကို ထိခိုက်လာနိုင်မှု ပျက်စီးမှုကိုကာကွယ်ဖို့ ဒီနစ်နာသူတွေရဲ့ဆုံးရူံးမှုအတွက် လျော်ကြေးငွေပေးဖို့ ကွန်ကရက်ကနေ ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီမတော်တဆမှုမှာ ထိခိုက်ခဲ့ရတဲ့သူတွေ ဆုံးရူံးခဲ့ကြရတဲ့ဘ၀တွေက နည်းနည်းနောနောမဟုတ်ပါဘူး၊ အလွှာမျိုးစုံက လူတန်းစားမျိုးစုံ ပါ၀င်ပါတယ်၊ အဲဒီလိုပဲ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရူံးလိုက်ရလို့ ပူဆွေးနေတဲ့ကျန်ရစ်တဲ့မိသားစုတွေအဖို့လည်း သူတို့မိသားစု၀င်တွေရဲ့ဘ၀ကို ပျှမ်းမျှဈေးတစ်ခုနဲ့သတ်မှတ်ပြီး ဒီကိစ္စကြီးကို ဘာမှမဖြစ်ခဲ့သလို‌လက်ခံပစ်လိုက်နိုင်ဖို့, မေ့ပစ်လိုက်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး။

ဒီတော့ ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရူံးလိုက်ရတဲ့ ကျန်ရစ်သူမိသားစု၀င်တွေအတွက် မစ္စတာ ဖိုင်းဘာ့ဂ်တစ်ယောက် ဘယ်လိုမျိုးဖြေရှင်းပေးမလဲဆိုတာကိုတော့ ခံစားချက်မျိုးစုံ ရသမျိုးစုံ ခံစားရမယ့် ဒီကား‌ထဲမှာပဲ အတူတူကြည့်ရူပေးကြပါဦး…

 

0 comments:

Post a Comment