Crrush (2021)


 

 

Rating : 5.7/10
Country : India
Genre : Comedy
Released Date : 2021
Duration : 2h 9min

အညွှန်း

ခဏတာစိတ်အပန်းပြေစိတ်အပန်းပြေချင်သူတွေအတွက် တကယ်ခွီရတဲ့ အိန္ဒိယ-လူငယ်ဟာသဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Ravi, Taju နဲ့ Vamsi တို့ဟာ အမေရိကန်မှာကောလိပ်တက်ဖို့ရည်ရွယ်ပြီး စာကိုပဲကြိုးစားလာကြတဲ့ စာကြမ်းပိုးလေးတွေပါ။ အမေရိကန်ရောက်မှ ကဲမယ်တေးထားကြသူတွေပေါ့။ ဒါပေမဲ့ အမေရိကန်မှာကျောင်းတက်နေတဲ့ အစ်ကို၀မ်းကွဲနဲ့ တွေ့ဆုံမိချိန်မှာတော့ သူတို့ထင်ထားတာတွေ တလွဲဖြစ်နေကြောင်း သိလိုက်ရပါတယ်။ အမေရိကန်မှာ စာတော်ရုံနဲ့ လူ၀င်မဆန့်နိုင်ကြောင်း၊ မိန်းကလေးတွေနဲ့ပတ်သက်ဖို့ လက်တွေ့အတွေ့အကြုံလိုကြောင်း သိလာရပါတယ်။ အဲဒီလိုနဲ့ သူတို့သုံးယောက်ဟာ အမေရိကန်မသွားရသေးခင် နွေရာသီအားလပ်ရက်မှာ အတွေ့အကြုံယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပထမတော့ ရသလိုအတွေ့အကြုံယူဖို့ ကြံစည်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ပထမဆုံးအကြိမ်ကို ချစ်တဲ့သူနဲ့ပဲဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ “မ” နဲ့ပတ်သက်ရင် နကန်းတစ်လုံးမှမသိကြတဲ့ လူပျိုပေါက်စလေး ၃ ယောက်ဟာ အစပိုင်းမှာ အလွဲလွဲအ‌ချော်ချော်တွေ ဖြစ်ကြပါတော့တယ်။ သူတို့ချစ်တဲ့သူတွေနဲ့ ဆုံတဲ့အခါမှာလည်း ဘယ်လိုတွေလွဲကြဦးမလဲ၊ ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ သူတို့ကြံစည်တဲ့အတိုင်းဖြစ်လာပါ့မလား….ဆိုတာကို စောင့်ကြည့်ရင်း ခွီကြရမှာဖြစ်ပါတယ်။

လူငယ်အချစ်ဇာတ်လမ်းနဲ့ လူငယ်သဘာ၀ကို အခွီလေးတွနဲ့ ရိုက်ကူးထားတာကြောင့် ဟာသကားမျှော်နေသူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။ (sex ပညာပေးနဲ့ 18+ ဟာသတွေ တော်တော်များများပါ၀င်ကြောင်းလည်း ကြိုပြောထားပါရစေနော်။)

 

0 comments:

Post a Comment