Tuck Jagadish (2021)


 

 

Rating : 6.0/10
Country : India
Genre : Drama, Action
Released Date : 2021
Duration : 1h 25min

အညွှန်း

ဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊

ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။

ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။

သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊

ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီး

အာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီး

ဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။

အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်

ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။

မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။

တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ အလွမ်းအစုံအလင်နဲ့ မိသားစုနဲ့အတူ

ကြည့်နိုင်တဲ့ ရုပ်ရှင်လေးပါလို့ပဲ ဆိုလိုက်ပါရစေတော့ ခင်ဗျာ

 

0 comments:

Post a Comment