The Classified File (2015)


 

 

Rating : 6.5/10
Country : Korea
Genre : Drama, Crime
Released Date : 2015
Duration : 1h 48min

အညွှန်း

ဒီတစ်ခါတော့ စုံထောက်ဆန်ဆန်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..

ဒီဇာတ်ကားမှာဆိုရင် ၁၉၇၈ခုနှစ်ဘူဆန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များအပေါ်တွင် အခြေခံ၍ရိုက်ကူးထားတာကြောင့် သူတို့နိုင်ငံရဲ့အဲ့အချိန်ကနိုင်ငံရေးအခြေအနေး တစ်စိတ်တစ်ဒေသကိုလည်းတွေ့မြင်နိုင်ပါတယ်

ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်….

၁၉၇၈၊ ဇူလိုင်လ၊ ဘူဆန်၌နွေရာသီတစ်နေ့တွင်ကျောင်းဆင်းချိန်၌ မိန်းကလေးငယ်တစ် ဦး ရုတ်တရက်ပြန်ပေးဆွဲခံလိုက်ရတယ်

ဒါပေမယ့်ပြန်ပေးဆွဲသူထံမှ ဆက်သွယ်ချက်တစ်စုံတစ်ရာလည်းမရှိ(ဘယ်လိုအကြောင်းပြချက်ကြောင့် ပြန်ပေးဆွဲတယ်ဆိုတာလည်းမသိရ)

သူမ၏မိဘများကလည်း အပူတစ်ပြင်းကိုစုံစမ်းသော်လည်းအခြေအနေကမထူး။ဒါပေမယ့် ရဲကမိဘများကိုသူတို့မိန်းကလေးကိုရှာတွေ့ဖို့လိုအပ်သည့်အရာမှန်သမျှပြုလုပ်ပေးမည်ဟုအာမခံသည်၊

ဒါပေမယ့်စုံစမ်းစစ်ဆေးဖို့ကလည်း သဲလွန်စတစ်စုံတစ်ရာမရှိသောကြောင့် စုံစမ်းစစ်ဆေးမှုကတိုးတက်မှုမရှိဖြစ်နေသည်။

နောက်ဆုံးတွင်ကြွယ်ဝချမ်းသာပြီးအာဏာပိုင်များကိုလွှမ်းမိုးရန်လုံလောက်သောဆက်သွယ်မှုရှိသောမိန်းကလေး၏မိဘများကစုံစမ်းစစ်ဆေးမှုအတွက်စုံထောက် Gong Gil-young (Kim Yoon-seok) ကို ဌာနကတာဝန်ပေးလိုက်သည်…ကဲနောက်ပိုင်းဘယ်လိုဆက်ဖြစ်လာမလဲ….ကောင်မလေးကိုရော အသက်ရှင်ရက်ပြန်တွေ့နိုင်ပါ့မလားဆိုတာကို ကြည့်လိုက်ရအောင်နော်….

 

0 comments:

Post a Comment