Sounds Like Love (2021)


 

Rating : 5.5/10
Country : United State
Genre : Comedy, Music, Romance
Released Date : 2021
Duration : 1h 50min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ခပ်မြူးမြူးလေးကြည့်ရမယ့် စပိန်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ကားကို ဟာသနဲ့ဘ၀ဇာတ်လမ်း ခပ်ပါးပါးလေးနှောထားတာမို့ အကြိုက်တွေ့ကြမှာပါ။

 

အသက် ၃၀ အရွယ် Maca ဟာ ခပ်ဆိုးဆိုးအလုပ်ရှင် fashion influencer တစ်ယောက်ဆီမှာ အလုပ်လုပ်နေသူပါ။ သူ့မှာ Adriana နဲ့ Jimena ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်လည်းရှိပါတယ်။ Maca ဟာ အသည်းကွဲပြီးနောက်ပိုင်း ယောကျာ်းတွေနဲ့တွဲနေသေးပေမဲ့ ယောကျာ်းတွေကိုမယုံတော့သလို အချစ်လည်းမရှိတော့ပါဘူး။ အလုပ်ကောင်းကောင်းရှာပြီးဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ ကြိုးစားနေဆဲမှာပဲ သူ့ဘ၀ကိုပြောင်းလဲစေမယ့်သူ ပေါ်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ရည်းစားဟောင်း Leo ပါပဲ။ 

 

Leo ဟာ သူမဘ၀အတွက် အဆိုးဆုံးဖြစ်ခဲ့ပြီး သူ့အတွက်ကြောင့် ဘ၀ပျက်မတတ် အသည်းကွဲခဲ့ရသလို ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးခဲ့ပြီး ယောကျာ်း‌တွေအပေါ်လည်း အယုံအကြည်မဲ့သွားခဲ့တာပါ။ Leo ကို မေ့သွားပြီထင်ခဲ့ပေမဲ့ ပြန်တွေ့ပြီးနောက်မှာ သူမရဲ့ခံစားချက်နဲ့အမှတ်တရတွေက ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ Leo မှာက လက်တွဲဖော်အသစ်ရှိနေပါပြီ။ 

 

Maca တစ်ယောက် အစစအရာရာအဆင်ပြေခါနီးဖြစ်‌နေတဲ့ သူ့ဘ၀ကိုဘယ်လိုရှေ့ဆက်မလဲ၊ Leo က သူ့ဘ၀ကို အတားအဆီးထပ်ဖြစ်စေဦးမှာလား၊ Adriana နဲ့ Jimena တို့ရဲ့ကိုယ်စီအချစ်ရေးရော ဘာတွေဖြစ်လာမလဲ… ဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ပါနော်။ အသက် ၃၀ ပိုင်းအရွယ်တွေရဲ့ အချစ်ရေး၊ ဘ၀အရေးကို ဟာသနှောပြီး ခပ်မြူးမြူးရိုက်ထားတာပါမို့ သာမန်အချစ်ကားထက် ပိုကြည့်လို့ကောင်းပါတယ်။ မိန်းကလေးတွေအနေနဲ့ ယောကျာ်းတစ်ယောက်အတွက် ဒါမှမဟုတ် အချစ်အတွက်အချိန်ကုန်ရင်း မိမိဘ၀တိုးတက်ရေးကို ရပ်တန့်မထားသင့်ဘူးဆိုတဲ့အချက်ကလည်း ယူတတ်ရင် တကယ့်သင်ခန်းစာပါပဲ

0 comments:

Post a Comment