Monkey King: The One and Only (2021)


 

 

Rating : 7.3/10
Country : China
Genre : Drama, Fantasy, Action, Comedy
Released Date : 2021
Duration : 1h 33min

အညွှန်း

စွန်းဝူခုန်း နောက်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

ဒီတစ်ခါဇာတ်ကားလေးကတော့ ဟာသပုံစံမျိုးရိုက်ကူးထားတာပါနော်

မူရင်းဝူခုန်းကိုတော့ မမှီပေမဲ့ ဒီကားလေးလည်း တဖန်အသစ်ဆန်းထားတဲ့

ပုံလေးနဲ့ ရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်လို့ကောင်းပါတယ်

ဒီဇာတ်ကားလေးဟာ အရာရာကို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ ဝူခုန်းနဲ့

အမြဲမေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းချင်တဲ့ ဆရာတော် နှစ်ဦးသားကြားက

ပြဿနာကနေ အစချီပြီးတော့ရိုက်ကူးထားတာပါ တစ်နေ့ ဝူခုန်းနဲ့ဆရာတော်

သဘောထားကွဲလွဲမှုကြောင့် ဆရာတော်က အရမ်းဒေါသထွက်ပြီး ဝူခုန်းကို

အပြင်းအထန်ပြောဆိုကာ မောင်းထုတ်လိုက်ပါတယ် ဝူခုန်းကလည်း

ဆရာတော်စကားတွေကို စိတ်နာက ဆရာတော်အပါးကနေ အပြီးတိုင်ထွက်သွားပါတော့တယ်

ဝူခုန်းထွက်သွားပြီးမကြာခင်မှာပဲ ဆရာတော်နဲ့ ဝူကျင်း ရှန့်ကျန်းမိစ္ဆာဆီမှာ

အဖမ်းခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာ ဝူခုန်းတစ်ယောက်မနေသာတော့ဘဲ

ပါးကျဲနဲ့အတူ စွမ်းအားကြီး မိစ္ဆာရှန့်ကျန်းကို ဘယ်လို နည်းလမ်းမျိုးတွေသုံးကာ

ဘယ်လိုကယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ ဒီကားလေးဟာဆိုရင်

ခေတ်သစ်ဟာသတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်

တစ်ကားလုံးပျင်းမနေရဘဲ ရီနေရတဲ့ အချိန်ကုန်မြန်စေမဲ့ကားလေးမို့လို႕

ခုပဲ ကြည့်လိုက်ပါတော့နော်

 

0 comments:

Post a Comment