King Kong (1976)


 

 

Rating : 5.9/10
Country : United State
Genre : Adventure, Horror
Released Date : 1976
Duration : 2h 14min

အညွှန်း

တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား…

သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်…

အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့်

ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…

၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်
 ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ

၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။

၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး

၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့်

ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။

ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး

စောင့်ရှောက်ပေးခဲ့ပါတယ်…

ဒါပေမယ့်လည်း သတ္တဝါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက်

လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး…

သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး

ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။

၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ

ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ

မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား

ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။

 

0 comments:

Post a Comment