Dictionary (2021)


 

 

Rating : 7.0/10
Country : India
Genre : Drama,
Released Date : 2021
Duration : 1h 49min

အညွှန်း

စကားလုံးတစ်ခုဆီမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေရှိသလိုပဲ မိသားစုတိုင်း လူတစ်ယောက်ဆီတိုင်းမှာလည်း အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုယ်ဆီ ရှိကြပါတယ်။ စကားလုံးတစ်လုံးရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အမှန်ကို သေသေချာချာမသိဘူးဆိုရင် အဓိပ္ပာယ်ကောက်မှားသွားတတ်ကြပါတယ်။ ဒီလိုပဲ ကိုယ်နဲ့အရင်းနှီးဆုံးလူတစ်ယောက်၊ ကိုယ့်မိသားစုအကြောင်းကိုတောင် သေချာမသိဘူးဆိုရင် ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

မစ္စတာမာကာဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့ သူ့စီးပွားရေးလုပ်ငန်းတွေတိုးချဲ့နိုင်ဖို့ ဘဏ်ကနေချေးငွေထပ်ထုပ်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ မာကာဟာ အင်္ဂလိပ်စကားပြောရတာကို သဘောကျပေမယ့်လည်း စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းမသိတာကြောင့် သူပြောလိုက်တဲ့စကားလုံးတိုင်းဟာ တလွဲတွေဖြစ်နေပါတယ်။ သူ့သားကိုလည်း အင်္ဂလိပ်စကားပြောတတ်အောင်ဆိုပြီး အဆင့်မြင့်ကျောင်းမှာထားတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားက စက်မှုပညာရှင်ဖြစ်ရမယ်ဆိုပြီးတော့လည်း ကြွေးကြော်နေပါသေးတယ်။သားဖြစ်သူကတော့ အင်္ဂလိပ်စာကိုအရမ်းဝါသနာကြီးပြီး စကားလုံးတိုင်းရဲ့အဓိပ္ပါယ်ကို အမြဲရှာဖွေလေ့လာနေတဲ့ သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ်မန်နေဂျာပြောလိုက်တဲ့ ‘Knave’ ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို မှားယွင်းနေတယ်လို့ သားဖြစ်သူထောက်ပြရာက မာကာဟာ သူ့သားရဲ့အင်္ဂလိပ်စာထက်မြက်မှုကို ဘယ်လိုသိရှိသွားမလဲ…..

တစ်ဖက်မှာလည်း မာကာရဲ့ယောက်ဖဖြစ်သူ ဆူမန်ဟာ သူငယ်ချင်းဖြစ်သူ အာရှိုရဲ့မိန်းမနဲ့ဖောက်ပြန်နေပါတယ်။ အာရှိုကရိပ်မိပေမယ့်လည်း ဘာတစ်ခွန်းမှမပြောခဲ့သလို ပြဿနာလည်းမရှာခဲ့ပါဘူး။ အားလုံးဟာ သူ့အမှားပဲလို့ လက်ခံထားတယ်။ နောက်ဆုံးတော့ သူတို့ဖောက်ပြန်နေတာကို ဆူမန်ရဲ့အစ်မ စရီမာတီသိသွားပြီးတော့ မောင်ဖြစ်သူကို တစ်ခြားမိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ချပေးဖို့ စီစဉ်ပါတော့တယ်။ အနေနီးမှုကြောင့် အာရှိုရဲ့မိန်းမနဲ့ငြိစွန်းခဲ့တဲ့ ဆူမန်ဟာ သူနဲ့လက်ထပ်ရမယ့်မိန်းကလေးနဲ့ လူချင်းတွေ့ပြီးတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ….

 

0 comments:

Post a Comment