Tides (2021)


 

 

Rating : 5.4/10
Country : United State
Genre : Sci Fi, Thriller
Released Date : 2021
Duration : 1h 44min

အညွှန်း

ဒီကားက သိပ္ပံစိတ်ကူးယဥ်ကားတွေထဲမှာမှ လက်တွေ့ဆန်ဆန် အနာဂတ်ကို ပုံဖော်ထားတဲ့ကားမျိုးပါ၊

ဒီကားကြည့်ရင်း ပထမဆုံးတွေးမိတာက အနာတ်ဂတ်မျိုးဆက်ဟာ ရှေ့မျိုးဆက်တွေရဲ့ ကောင်းမွေဆိုးမွေကို ခံရမှာပဲဆိုတာပါပဲ

အနာဂတ်မှာ ဆန်းသစ်တဲ့ နည်းပညာတွေတင်မကဘူး ဆန်းသစ်တဲ့ ပြဿနာပေါင်းစုံလည်း ပေါ်လာမှာပါ၊

အခုတောင် pandamic ဖြစ်လို့ လူသားတွေ ရှင်သန်ဖို့ ရုန်းကန်နေကြရပါတယ်၊

အဲလိုပဲ ကမ္ဘာကြီးကို လူသားတွေကပဲ ဖျက်ဆီးခဲ့တယ် ဖျက်ဆီးနေဆဲ ဆိုတာက အရှိတရားပါ၊

ဇာတ်လမ်းထဲမှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကမ္ဘာကြီးက လူသားတွေ နေလို့မရအောင် ပျက်ဆီးသွားခဲ့ပါတယ်၊

ဒီတော့ အထက်တန်းလွှာလူတစ်ခုက တစ်ခြားနေထိုင်လို့ရတဲ့ ဂြိုလ်တစ်ခုဆီကို ပြေးကြပါတယ်၊

ဒါပေမယ့် အဲဒီမှာလည်း ပြဿနာတွေ ရှိနေပါတယ်

အဲဒီဂြိုလ်မှာ ရေဒီယိုသတ္တိကြွဓာတ်တွေ ရှိနေတာကြောင့် လူသားတွေဟာ မျိုးအောင်ဖို့ ခက်လာပါတယ်၊

ဒီတော့ လူသားမျိုးနွယ် မပျက်သုန်းဖို့အတွက် စွန့်ပစ်ခဲ့တဲ့ အိမ်အဟောင်းကို ပြန်လာဖို့ ကြိုးစားကြရပါတော့တယ်၊

ဒီလိုနဲ့ သူတို့တွေ ကမ္ဘာမြေပေါ် ပြန်ခြေချဖို့ ကြိုးစားတဲ့အခါ အောင်မြင်မလား

ဘာအခက်အခဲတွေ ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ၊

ဒီကားလေးဟာ တကယ်တော့ ဝမ်းနည်းစရာကောင်းပါတယ်

လူတွေရဲ့ မသိကျေးကျွန်ထားမှုတွေကြောင့် အဖိုးမဖြတ်နိုင်တဲ့

လူသားမျိုးနွယ်ရဲ့ အိမ်ကိုဆုံးရှုံးလိုက်ရတဲ့ အကျိုးဆက်ကို ပုံဖော်ထားတာပါ

 

0 comments:

Post a Comment