Terra Formars (2016)


 

 

Rating : 4.8/10
Country : Japan
Genre : Horror, Sci Fi, Action
Released Date : 2016
Duration : 1h 48min

အညွှန်း

နာမည်ကြီး ဂျပန်manga seriesဖြစ်တဲ့ Terra Formarsကို live actionအနေနဲ့

ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လူဦးရေတိုးပွားမှုပြဿနာတွေနဲ့ရင်ဆိုင်လာနေရတဲ့ အနာဂတ်ကမ္ဘာကြီးက

လူသားတွေက မားစ်ဂြိုလ်ပေါ်ကိုနယ်ချဲ့ဖို့ကြိုးပမ်းရာကနေဇာတ်လမ်းကိုစတင်ထားပါတယ်။

အရမ်းပြင်းထန်တဲ့ရာသီဥတုမျိုးရှိတဲ့မားစ်ဂြိုလ်ပေါ်မှာ လူသားတွေအသက်ရှင်နေထိုင်ဖို့ကမဖြစ်နိုင်လောက်အောင်ခက်ခဲပါတယ်။

အဲလိုလူနေထိုင်ဖို့မဖြစ်နိုင်တဲ့မားစ်ဂြိုလ်ပေါ်ကပတ်ဝန်းကျင်အခြေအနေကို Terrorformingဆိုတဲ့နည်းလမ်းနဲ့

ကမ္ဘာမြေပုံစံအဖြစ်ပြောင်းလဲယူပြီး လူသားတွေနေထိုင်နိုင်လောက်မဲ့ပတ်ဝန်းကျင်မျိုးဖြစ်အောင်ဖန်တီးခဲ့ကြပါတယ်။

ကမ္ဘာမြေလိုပုံစံနီးပါးဖြစ်လာတဲ့မားစ်ဂြိုလ်ပေါ်ကို လူသားတွေချက်ချင်းသွားနေလို့မရသေးတဲ့

နောက်ထပ်အကြောင်းတစ်ခုလည်းရှိပါသေးတယ် မားစ်ဂြိုလ်ပေါ်မှာပိုးဟပ်တွေရှိနေတာပါ။

Terrorformingရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပို့လွှတ်ထားတဲ့ပိုးဟပ်တွေဖြစ်ပေမဲ့ Terrorformingပြီးခါနီးမှာတော့ အဲဒီပိုးဟပ်တွေကိုမလိုအပ်တော့တာကြောင့် ရှင်းပစ်ဖို့အကြောင်းဖန်လာပါတော့တယ်။

ဂျပန်အစိုးရအနေနဲ့ အဲဒီပိုးဟပ်တွေကိုရှင်းပစ်ဖို့ ပိုက်ဆံအလောတကြီးလိုအပ်နေတဲ့လူတွေကိုစုစည်းပြီး “ပိုးမွှားစစ်ဆင်ရေး”ဆိုတဲ့မစ်ရှင်တစ်ခုနဲ့ မားစ်ဂြိုလ်ပေါ်ကိုပို့လွှတ်လိုက်ပါတော့တယ်။

သူတို့ရှင်းပစ်ရမဲ့ပိုးဟပ်တွေက သာမန်ပိုးဟပ်ရောဟုတ်ရဲ့လား ။

ဂျပန်အစိုးရကရော သူတို့ကိုဘယ်လိုလှည့်စားပြီးစေလွှတ်လိုက်တာဖြစ်မလဲ။

နောက်ကွယ်မှာရောဘယ်လိုအကြံအစည်တွေရှိနေမလဲဆိုတာကို Terra Formarsဆိုတဲ့ဂျပန်ဇာတ်ကားကောင်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားပေးကြပါ…

 

0 comments:

Post a Comment