Risen (2021)


 

 

Rating : 3.3/10
Country : United State
Genre : Sci Fi, Thriller
Released Date : 2021
Duration : 1h 49min

အညွှန်း

လူဦးရေ ၁၃၀၀ လောက်ပဲ နေထိုင်ကြပြီး သာယာအေးချမ်းတဲ့ ဘတ်ဂျာမြို့လေးမှာ ရောဘတ်တို့ လင်မယားရယ် သူ့သမီးလေးနှစ်ယောက်ရယ် နေထိုင်ကြပါတယ် ၊ သူတို့မိသားစုလေးဟာ သူတို့ဘ၀နဲ့သူတို့ ပျော်ရွှင်နေကြပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုးက ရိုက်ခတ်လာခဲ့ပါတယ်

သူတို့မိသားစုလေး ညစာစားဖို့ ပြင်နေတုန်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ခဲ့ပါတယ် ၊ အဆိပ်ငွေ့တွေလည်း ပျံ့နေပြီးတော့ အဲဒီမြို့လေးမှာရှိတဲ့ လူတွေရော တိရစ္ဆာန်တွေရော အရာအားလုံး သေဆုံးခဲ့ပါတယ် ၊ အဲဒီပေါက်ကွဲမှုဟာ ဘာကြောင့် ဖြစ်ရသလဲ……..
ဒါဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်လား ၊ တကယ်လို့ အကြမ်းဖက်သမားတွေ လုပ်တာဆိုရင် ဘာလို့ မြို့ကြီးတွေကို မရွေးဘဲ ဒီလို မြို့သေးလေးကိုမှ ရွေးရတာလဲ၊ ဓာတုပစ္စည်းတစ်ခုခုကြောင့်လား စသဖြင့် မေးခွန်းပေါင်းများစွာကို အဖြေရှာရပါတော့တယ် ၊
ရောဘတ်ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးနေတုန်းမှာ ရောဘတ် ထထိုင်လာတာကရော ဘာကြောင့်များလဲ ၊ ရောဘတ်တစ်ယောက် အသက်ပြန်ရှင်လာတာလား ၊ ဒါဆိုရင် တခြားသူတွေရော ပြန်ရှင်နိုင်မလား၊ အာကာသထဲက လာတဲ့ ဥက္ကာခဲကြောင့်ဆိုတဲ့ ယူဆချက်ကရော မှန်ပါ့မလား စတာတွေကို သိရဖို့ Risen ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်

 

0 comments:

Post a Comment