Love Story in London (2021)


 

 

Rating : 5.7/10
Country : China
Genre : Drama, Romance
Released Date : 2021
Duration : 1h 37min

အညွှန်း

ကျွန်​​တော်တို့ ဆယ်​ကျော်သက်ဘ၀မှာ
ကိုယ့်ဘ၀ထက်​တောင် ပိုပြီးချစ်ခဲ့မိတဲ့
အချစ်ဆုံးလူသား​လေးတစ်​ယောက်​တော့ လူတိုင်းမှာရှိခဲ့ကြမှာပါ။

ပိုင်ဆိုင်ရသည်ဖြစ်​စေ၊ မပိုင်ဆိုင်ရသည်ဖြစ်​စေ၊
သူ့အ​ကြောင်း​တွေးမိလိုက်တိုင်း …..
ရင်ထဲ​​နွေး​ထွေးသွားရတဲ့ အခိုက်အတန့်​​လေးတွေက​ တန်ဖိုးမဖြတ်နိုင်​လောက်​အောင်ပါပဲ။

ဒီကား​လေးဟာလည်း ဆယ်​ကျော်သက်ဘဝ
လွမ်း​​မောဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို
ဖော်ကျူးပြသထားတာဖြစ်ပါတယ်။

ကျွန်​တော်က​တော့ ဒီကား​လေးက “You Are The Apple Of My Eye” ရဲ့
အရိုက်အရာကို ဆက်ခံနိုင်လိမ့်မယ်လို့ထင်တယ်ဗျာ

ဒါဆို ဇာတ်ညွှန်း​လေးကို စလိုက်ကြရ​အောင်။

ကျန်းဟယ် မှာ ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့
ဂူရှင်းလဲ့ဆိုတဲ့​ကောင်​လေးတစ်​ယောက်ရှိတယ်။

ဂူရှင်းလဲ့ က စာ​​ဖက်မှာလည်း မထူးချွန်သလို
အားကစားဖက်ကြည့်ပြန်​တော့လည်း ညံ့မြဲညံ့ဆဲပါ
အဲ့တာ​ကြောင့် ကျန်းဟယ်က သူ့ကို “ငတုံးဂူ” လို့
နာမည်​​ပြောင်ပေးထားခဲ့တယ်။

ကျန်းဟိုင် က​တော့ ဂူရှင်းလဲ့နဲ့ ဆန့်ကျင်ဖက်
အရာရာပြီးပြည့်စုံပြီး ကျန်းဟယ်ရဲ့တစ်ဖက်သတ်ကျိတ်ချစ်ခြင်းခံရသူဆိုလည်း မမှားပါဘူး။ သူတို့​နှစ်​ယောက်ဟာ အ​တော်ထူးချွန်တဲ့အတွက်
ပြိုင်ပွဲ​​ပေါင်းများစွာမှာ ဆု​တွေအသီးသီရရှိဆွတ်ခူးထားကြတာပါ။

ဒီလိုနဲ့အတန်း​တွေကြီးလာတဲ့အခါ နှစ်​​ယောက်စလုံးဟာ
အင်္ဂလန်နိုင်ငံ က နာမည်ကြီးတက္ကသိုလ်တွေရဲ့ ဖိတ်ကြားစာ အသီးသီးလက်ခံရရှိကြပြီး
ပညာ​တော်သင်သွားဖို့ ပြင်ဆင်ကြပါ​တော့တယ်။

နိုင်ငံခြားမှာ ကျန်းဟိုင်နဲ့အတူ ပညာ​တော်သင်သွားရဖို့က
ကျန်းဟယ် မမက်ရဲခဲ့တဲ့ အိပ်မက်ဖြစ်ပြီး၊
ကျန်းဟယ်နဲ့ အမြဲအတူရှိ​နေချင်တာက ဂူရှင်းလဲ့ရဲ့အိပ်မက်ပါ။

သုံးပွင့်ဆိုင်ဖြစ်​နေကြတဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်း​လေးကို
မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ဖို့​တော့လိုမယ်ဗျာ။

ဘာပဲ​ပြော​ပြော ဒီကား​လေးက အချိန်​ပေးကြည့်ရတာ တန်လွန်းပါတယ်။

မင်းသားနှစ်​ယောက်ရဲ့ အ​ချောအလှ​တွေအပြင်
လန်ဒန်မြို့ကြီးရဲ့ အလှအပ​တွေကိုပါ တမျိုးတဖုံကြည့်ရှုခံစားရမှာဖြစ်တာ​ကြောင့် ​
သေချာ​​ပေါက်ကြည့်ရှုအား​ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်

 

 

0 comments:

Post a Comment