Lihaaf: The Quilt (2021)


 

 

Rating : 6.8/10
Country : India
Genre : Drama
Released Date : 2021
Duration : 1h 25min

အညွှန်း

စာရေးဆရာမ Ismat Chughtai ရဲ့ဂုဏ်ပြုလက်ရာ “Lihaaf” ဆိုတဲ့ စာအုပ်ကို

နာမည်တူ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။

အမျိုးသမီးတွေကို မတရားဖိနှိပ်ထားတဲ့ လူ့အဖွဲ့အစည်းအောက်

​လှောင်ချိုင့်ထဲက အတောင်ပံကျိုးနေတဲ့  ငှက်ငယ်လေး ဘီဂမ်ဂျန်း…

တစ်နေ့မှာတော့ အထီးကျန်နေတဲ့ ဘီဂမ်းဂျန်းနားကို အနှိပ်သည်မတစ်ယောက် စေလွှတ်ပေးခဲ့ပါတယ်။

အထီးကျန်မှုတွေနဲ့ ဘီဂမ်းဂျန်ဟာ အနှိပ်သည်မတစ်ယောက်နဲ့ ငြိစွန်းခဲ့ပါတယ်။

အစ်စမတ်ချူတိုင်းဟာ ဒီလိင်တူအချစ်ဇာတ်လမ်းကို သရုပ်ဖော်ရေးသားပြီး

ထုတ်လွှင့်ခဲ့တဲ့အတွက် ညစ်ညမ်းမှုနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

ဇာတ်လမ်းရဲ့ အပြင်ပိုင်းမှာ မတရားစွပ်စွဲခံရတဲ့ အစ်စမတ်ရဲ့ ရဲရဲဝံ့ဝံ့ဖြေရှင်းပုံတွေနဲ့

ဇာတ်လမ်းရဲ့ အတွင်းပိုင်းမှာပြထားတဲ့ အချစ်ငတ်နေတဲ့ ဘီဂမ်းဂျန်ရဲ့ ဘဝကို ဝမ်းနည်းစွာ ကြည့်ရှုကြရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်လေးက ယနေ့ခေတ် ကြုံတွေ့နေကြရတဲ့ Homosexuality နဲ့ လူ့အသိုင်းအဝိုင်းကြား လွတ်လပ်စွာပြောဆိုနိုင်မှုကို မီးမောင်းထိုး တင်ပြထားပါတယ်။

 

0 comments:

Post a Comment