Infinitum: Subject Unknown (2021)


 

 

Rating : 5.7/10
Country : United State
Genre : Mystery, Sci Fi
Released Date : 2021
Duration : 1h 26min

အညွှန်း

လတ်တလောမှာ ထွက်ရှိထားပြီး IMDb 5.7 ရရှိထားတဲ့ ဒီဇာတ်ကားဟာ ဖြစ်ရပ်တစ်ခုကနေ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှုတည်ပြီး ရလဒ်အမျိုးမျိုးထွက်လာနိုင်ကြောင်းနဲ့ အဲ့ဒီရလဒ်တွေထဲမှာမှ ကိုယ်လိုချင်တဲ့ရလဒ်ကိုဘဲထွက်အောင် ထိန်းချုပ်လို့ရနိုင်ကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးဟာ အခန်းကျဉ်းတစ်ခုထဲမှာ သတိလစ်နေရာကနေ ကြောက်လန့်တုန်လှုပ်စွာ သတိပြန်လည်လာပါတယ်။ ထိုင်ခုံတစ်ခုပေါ်မှာ လက်နဲ့ခြေကို ကြိုးတုပ်ခံထားရတဲ့ အနေအထားနဲ့လည်း ဖြစ်နေပါတယ်။ သူမကတစ်ခုခုကို သိရဖို့နီးစပ်လာတဲ့အချိန်မှာ တစ်ယောက်ယောက်က Remote နဲ့ရစ်ပြီး အစပိုင်းကို ပြန်ခေါ်သွားသလိုမျိုးကို ထပ်ခါထပ်ခါ ဖြစ်နေပြီး အချိန်စက်ကွင်းတစ်ခုထဲမှာ ပိတ်မိနေတာပါ။

သူမဟာ အရမ်းနောက်မကျသွားခင် အဲ့ဒီအချိန်စက်ကွင်းထဲကနေ လွတ်မြောက်အောင်လုပ်ရမှာပါ။ မဟုတ်ရင် ဖြစ်ရပ်တစ်ခုကို ထပ်ခါ ထပ်ခါ ပြနေတဲ့ အချိန်စက်ကွင်းထဲကနေ ဘယ်တော့မှ ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒီဇာတ်ကားတစ်ခုလုံးကို လူတစ်ယောက်တည်းကပဲ ပါဝင်သရုပ်ဆောင်သွားတာပါ။
တကယ်လို့ ဇာတ်ကားတစ်ကားမှာ စကားပြောခန်းတွေ များများပါတာကို မကြိုက်ဘူး ဇာတ်ကားကြည့်ပြီးရင်လည်း စဉ်းစားစရာတွေနဲ့ ပြည့်နှက်နေတာမျိုးကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီဇာတ်လမ်းကို ညွှန်းပေးပါရစေ။

 

0 comments:

Post a Comment