I Missed You (2021)


 

 

Rating : 6.0/10
Country : China
Genre : Romance
Released Date : 2021
Duration : 1h 40min

အညွှန်း

ဒီဇာတ်လမ်းလေးကတော့ Netflix ပေါ်က ထိုင်ဝမ်

Movie လေးပါ။ ဇာတ်လမ်းလေးကတော့ မာကျော

ခက်ထန်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝအကြောင်းကို

ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ကူးကျင်ကျင်က အလုပ်မှာလည်း လက်အောက်ငယ်သား

ဝန်ထမ်းတွေကို ဖိအားပေးပြီး လူတိုင်းကြောက်ရတဲ့

အေးစက်စက်မိန်းမတစ်ယောက်၊ ဘဝမှာ

ပျော်ရွှင်မှုဆိုတာကိုမေ့လျော့နေတဲ့ အမျိုးသမီး

ခက်ခဲမှုတွေရှိနေတာတောင် သန်မာချင်ယောင်ဆောင်နေတဲ့

အမျိုးသမီးတစ်ဦးပေ့ါ။ သူ့ရဲ့ Facebook

မှာ Block ထားတဲ့အမျိုးသားနှစ်ဦးရှိပါတယ်။

တစ်ယောက်ကတော့ ငယ်သူငယ်ချင်း ချောင်ရှုဝေ

နောက်တစ်ယောက်ကတော့ ဒါရိုက်တာ နန်ကျစ်ရန်ပါ။

နန်ကျစ်ရန်ကတော့ ကြိုးစားတဲ့သူတစ်ယောက်

ဖြစ်ပေမယ့် ရိုက်တဲ့ရုပ်ရှင်တိုင်းကြည့်ရှုသူနည်းပြီး

အရှုံးပေါ်နေတဲ့ မအောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်၊

ပြီးတော့ နန်ကျစ်ရန်က အချစ်ဆိုတာ တစ်ဦးအပေါ်တစ်ဦး

နားလည်မှုရှိမှဖြစ်မယ်လို့ ခံယူထားသူဖြစ်ပြီး

သူနဲ့သဘောထားချင်းမတိုက်ဆိုင်ဘဲသူ့အလုပ်ကို မပံ့ပိုးပေးတဲ့သူတိုင်းနဲ့

လမ်းခွဲခဲ့ပါတယ်။ တစ်ရက်ဆေးရုံမှာဆေးစစ်ရင်း

အူမကြီးမှာအလုံးတည်တဲ့ရောဂါရှိနေကြောင်း

သိလိုက်ရတဲ့အခါ ဘဝရဲ့ပျော်ရွှင်မှုကိုမေ့လျော့ပြီး

သန်မာချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်း

အထီးကျန်နေတဲ့ ကူးကျင်ကျင်ကိုသူမသေမီ

ဘဝရဲ့ပျော်ရွှင်မှုကိုခံစားတတ်အောင်

သင်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။

ကူးကျင်ကျင်တစ်ယောက် ဘာကြောင့် ဒီယောက်ျား

နှစ်ယောက်ကို Block ထားတယ်ဆိုတာ…

ငယ်သူငယ်ချင်းဖြစ်သူနဲ့ ပတ်သတ်မှု….

ပြီးတော့ ဘဝရဲ့ပျော်ရွှင်မှုကို

ဘယ်လိုရှာတွေ့သွားမယ်ဆိုတာ…

ဆက်လက်ကြည့်ရှုပေးကြပါဦး။

 

0 comments:

Post a Comment