Hungama 2 (2021)

 


Rating : 3.1/10
Country : India
Genre : Comedy
Released Date : 2021
Duration : 2h 36min

အညွှန်း

Disney+Hotstar က ဖြန့်ချိတဲ့ အသစ်စက်စက် Bollywood ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်…ဒီဇာတ်ကားက ၂၀၀၃ ခုနှစ်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Hungama ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိလာတာပါ…

ဇာတ်လမ်းကတော့ သူဌေးကြီး မစ္စတာဘဂျာဂျ်နဲ့ အငြိမ်းစားထောင်မှူးမစ္စတာကပူရ်တို့က အရမ်းကိုခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးသူတို့သားသမီးတွေကို လက်ထပ်ပေးဖို့အထိပါ စီစဉ်ထားကြတဲ့သူတွေဖြစ်ပါတယ်…မစ္စတာကပူရ်ရဲ့သားဖြစ်သူ အာကာရှ်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တူတွေတူမတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ…ဒါပေမယ့် အေးဆေးနေရမယ့်ရက်တွေ ကုန်ဆုံးသွားချိန်ကတော့ သူ့ရဲ့ငယ်ရည်းစားဆိုသူက သူ့ရဲ့ကလေးဆိုသူကိုရင်ခွင်ပိုက်လို့ အိမ်ကိုရောက်ချလာတဲ့အချိန်ပါပဲ…ငယ်တုန်းကရှုပ်ထားတဲ့ ရည်းစားရဲ့ ကလေးက သူ့ကလေးအစစ်အမှန်လား….နှစ်ဖက်မိဘသဘောတူထားတဲ့ ဂုဏ်သိက္ခာအိမ်ထောင်ရေးကိုရော ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ…ဟာသအသောလေးတွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်လေးပါ။ရုပ်ရှင်ရုံတွေမှာ မိသားစုလိုက် အပန်းဖြေကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီးစိတ်ညစ်စရာများလှတဲ့ ခုကာလမှာ ခဏတာဖြစ်ဖြစ် အပန်းဖြေဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။

0 comments:

Post a Comment