Escape Of Shark (2021)


 

 

Rating : 5.4/10
Country : China
Genre : Action, Adventure, Thriller
Released Date : 2021
Duration : 1h 6min

အညွှန်း

ဒီနေ့အတွက်တင်ဆက်ပေးချင်တာကတော့ အသည်းတအေးအေးနဲ့ကြည့်ရှုရမဲ့ Escape Of Sharkဆိုတဲ့ငါးမန်းကားလေးပါ။

 
ဇာတ်လမ်းအကျဉ်းကို တန်းပြီးပြောရမယ်ဆိုရင်တော့ ဝမ်လဲ့က အလွတ်ရေငုပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး
 
သူ့ဘဝရဲ့ဖြစ်ရပ်ဆိုးတစ်‌ခုကြောင့် အဲဒီအလုပ်ကိုစွန့်လွှတ်ပြီး ဘဝကိုရေလိုက်ငါးလိုက်ဖြတ်သန်းနေသူတစ်ယောက်ပါ။
 
အဲလိုနေလာရင်း တစ်နေ့တော့ သူနေတဲ့ကျွန်းအနီးဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ရာသီဥတုဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး
 
ဆူနာမီရေလှိုင်းလာနိုင်တယ်ဆိုတဲ့သတိပေးချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်းအများစုကတော့မယုံကြဘူးပေါ့။
 
သဘာဝဘေးဆိုတာမျိုးကလျှော့တွက်လို့လည်းမရတော့ ဘူမိ‌ဗေဒပညာရှင်တွေသတိပေးထားတဲ့အတိုင်း
 
ပင်လယ်ပြင်မှာငလျင်လှုပ်ပြီး ဆူနာမီလှိုင်းလုံးကြီးဖြစ်ပေါ်လာခဲ့ပါတော့တယ်။
 
ကျွန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားနိုင်လောက်အောင်ကြီးမားတဲ့ရေထုကြီးနဲ့အတူ
 
နောက်ထပ်အန္တရာယ်ကြီးတစ်ခုလည်းကပ်ပါလာခဲ့ပါတယ်။
 
ဆူနာမီကြောင့် ဟိုတယ်ထဲမှာပိတ်မိနေတဲ့ဝမ်လဲ့တို့အုပ်စုကရော သူတို့ပိတ်မိနေတဲ့နေရာကနေ ထွက်လာနိုင်မလား၊
 
အန္တရာယ်ကောင်ကြီးဆီကနေရော လွတ်အောင်ပြေးနိုင်ကြပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရှူရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

 

0 comments:

Post a Comment