Demonic (2021)


 

 

Rating : 4.4/10
Country : United State
Genre : Horror
Released Date : 2021
Duration : 1h 44min

အညွှန်း

လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက်

တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ…

အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။

အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။

ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့…

ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ

တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေက

တစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့…. နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။

ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ?

သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော?

အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်း

အဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။

နည်းပညာဗဟုသုတတွေလည်း ပါဝင်တာမို့ Horror / supernatural နှစ်သက်တဲ့

ပရိသတ်များ မြန်မြန်လေး ကြည့်ပြီး အဖြေရှာလိုက်တော့နော်

 

0 comments:

Post a Comment