Chathur Mukham (2021)


 

 

Rating : 6.1/10
Country : India
Genre : Horror, Thriller
Released Date : 2021
Duration : 2h 18min

အညွှန်း

Energy ဆိုတဲ့စွမ်းအင်တွေဟာ ကျွန်တော်တိုရဲ့ပတ်ဝန်းကျင်နဲ့ ကျွန်တော်တိုရဲ့ကိုယ်ထဲမှာရှိနေပါတယ်
အဲဒီစွမ်းအင်တွေကို ဖန်တီးလိုလည်းမရသလို ဖျက်ဆီးလိုလည်းမရပါဘူး

တဲဂျစနီဆိုတဲ့အမျိုးသမီးဟာ သူငယ်ချင်းဖြစ်သူနဲ့လုပ်ငန်းစပ်တူလုပ်နေတာဖြစ်ပါတယ်
တစ်နေ့မှာတော့ သူ့ရဲ့ screen ဆိုးဆိုးဝါးဝါးကွဲနေတဲ့ဖုန်းက အလုပ်မလုပ်တော့တာမလို ဖုန်းအသစ်ဝယ်ဖိုလုပ်ရပါတော့တယ်
သူဝယ်ချင်တဲ့ဖုန်းကလည်း နောက်လမှထွက်မှာဆိုတော့ အဲဒီဖုန်းကိုစောင့်ရင်း ဈေးသက်သာတဲ့ဖုန်းတစ်လုံးလောက် online site ကနေမှာဖို သူ့သူငယ်ချင်းကအကြံပေးတာနဲ့ ဖုန်းတစ်လုံး online ကနေမှာလိုက်ပါတယ်

အဲဒီဖုန်းက သူ့ဆီကံမကောင်းမှုတွေ သယ်လာပြီး နားမလည်နိုင်လောက်အောင် ထူးဆန်းတဲ့ အသက်အန္တရာယ်ပေးဖိုအထိပါလုပ်လာတာကို သူသိလိုက်ရပါတယ်

အဲဒီလိုဖုန်းကို ဝယ်ထားတဲ့သူတွေထဲ သူအပြင် တခြားသူတွေပါ ဒီလိုမျိုးကြုံနေရတာဖြစ်ပါတယ်
အဲဒီထဲ သေသွားရတဲ့သူရှိနေသလို သေရတော့မယ့်သူလည်း ရှိနေတာကို သူသိလိုက်ရပါတယ်
တခြားသူတွေကတော့ ဒီလိုကြုံတွေ့နေရတာတွေကို ဒီဖုန်းကြောင့်လို မထင်ကြပါဘူး

အဲဒီလိုအဖြစ်ဆိုးကနေ သူဘယ်လိုဖြတ်ကျော်မလဲဆိုတာ…. ဘာလိုဒီဖုန်းလေးတစ်လုံးက ဒီလိုဖြစ်ရပ်တွေဖြစ်စေတာလဲဆိုတာ…. ဒီဖုန်းကို ဘယ်သူတီထွင်ခဲ့တာလဲ

 

0 comments:

Post a Comment