Buckley’s Chance (2021)


 

 

Rating : 5.2/10
Country : United State
Genre : Family
Released Date : 2021
Duration : 1h 35min

အညွှန်း

မိသားစုကားကောင်းကောင်းလေးကို ပိတ်ရက်လေးမျာ အေးအေးဆေးဆေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ။ဘဝမှာ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးရမယ်ဆိုရင် အဲဒီလူကိုမေ့ပစ်လိုက်ဖို့၊ အစားထိုးလိုက်ဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ အထူးသဖြင့်တော့ မိဘတွေ၊ မိသားစုဝင်တွေသာဖြစ်နေမယ်ဆိုရင် ပိုပြီးတော့ အဲဒီဆုံးရှုံးမှုကို လက်ခံလိုက်ဖို့ ခက်ခဲပါတယ်။

Ridley ဆိုတဲ့ အဖေချစ်သားတစ်ယောက်က သူ့အမေနဲ့အတူတူ တစ်ခါမှမရောက်ဖူးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သြစတေးလျတိုက်ကို ပြောင်းလာဖို့ဖြစ်လာပါတော့တယ်။ အဖေမရှိတော့တဲ့နောက်ပိုင်း Ridley စိတ်တိုင်းကျ New York မှာ ဆက်နေဖို့လုပ်ပေမယ့်လည်း ကျောင်းတွေမှာအဆင်မပြေတော့တဲ့ Ridley အတွက် အမေဖြစ်သူက တစ်မျိုးတစ်ဖုံကြံရပြန်ပါတော့တယ်။ အဲဒါနဲ့ တစ်ခါမှမတွေ့ဖူးမမြင်ဖူးတဲ့ ယောက္ခမဆီကို ပြောင်းနေဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

အဖေမရှိတော့ပဲဆိုးချင်တိုင်းဆိုးနေတဲ့ Ridley တစ်ယောက်၊ တစ်ခါမှမမြင်ဖူးတဲ့ အဖိုးဖြစ်သူ Spencer အပေါ် ဘယ်လိုအတွေးတွေဝင်နေမလဲ။ နယူးယောက်နဲ့ သြစတေးလျရဲ့ ကွာခြားချက်တွေမှာ Ridley တစ်ယောက် အဆင်ပြေပါ့မလား။ Spencer ကတော့ Ridley ကို ကောင်းကောင်းထိန်းကွပ်ပေးနိုင်မလားဆိုတာကတော့

 

0 comments:

Post a Comment