The God Committee (2021)


 

 

Rating : 5.5/10
Country : United State
Genre : Thriller
Released Date : 2021
Duration : 1h 38min

အညွှန်း

အစားထိုးစရာနှလုံးသားတစ်ခုနဲ့
အဲ့နှလုံးသားကို ​သေ​ကောင်​ပေါင်းလဲလိုအပ်​နေတဲ့လူနာ၃​​ယောက်

ဒီလူနာ​တွေထဲက ဘယ်သူ့ကိုဦးစား​ပေး​ရွေးမလဲဆိုတာ
ဆုံးဖြတ်ရမယ့် ကော်မတီအဖွဲ့ဝင်၆ဦး

လူနာတစ်​ယောက်ချင်းစီတိုင်းမှာ
ဒီနှလုံးအစားထိုးခွဲစိတ်မှုနဲ့ ထိုက်တန်တဲ့အချက်​တွေ ကိုယ်စီကိုယ်စီရှိ​နေကြတဲ့အခါ…

​ကော်မတီအဖွဲ့ဝင်​တွေအ​နေနဲ့ ဘယ်သူ့ကိုခွဲစိတ်ဖို့​ရွေးချယ်လိုက်မလဲ

​ဒီရွေးချယ်မှုရဲ့​နောက်ဆက်တွဲဖြစ်ရပ်​တွေ​ကြောင့်
ဘယ်အဖွဲ့ဝင်​တွေအကျိုးဖြစ်ထွန်းသွားပြီး …..
ဘယ်အဖွဲ့ဝင်​တွေ နစ်နာသွားမလဲ ????

ဒီခွဲစိတ်မှုတစ်ခုတည်းရဲ့နောက်ကွယ်မှာ
ဘယ်လိုကွက်​ကျော်ရိုက်မှု၊ ဖျံကျမှု၊ မသမာမှု​တွေရှိ​နေမလဲ ?????

လူ​ကောင်းကဘယ်သူ၊ လူယုတ်မာကဘယ်သူလဲဆိုတာကို
ကော်ဖီ​လေးတစ်ခွက်​​ဖျော်ပြီး ကိုယ်တိုင်ပဲအရသာရှိရှိခံစားကြည့်လိုက်ပါ

သရုပ်​ဆောင်နည်း​တယ် CGIမလိုဘူး VFX​တွေမပါဘူး
ဒါ​ပေမယ့်တကယ်အနှစ်သာရ​တွေပြည့်​နေတဲ့ဇာတ်ကား

“လူ့အသက်တစ်​ချောင်းကို အ​​လေးအနက်တန်ဖိုးထားပုံ”

“လူနာအတွက်တင်မကပဲ လူနာမိသားစုဝင်​တွေရဲ့ အနာဂတ်အတွက်
ကြို​တွေးစဥ်းစားပုံ”

“တာဝန်ယူမှု၊ တာဝန်ခံမှု” ဆိုတဲ့ လူသားဆန်တဲ့စိတ်​ဓါတ်တွေက ဘယ်​လောက်အားကျဖို့​ကောင်းသလဲ အတုယူဖို့​ကောင်းသလဲဆိုတာကို ဒီဇာတ်ကားမှာ မြင်​တွေ့ရမှာဖြစ်ပါတယ်

0 comments:

Post a Comment