Peter Rabbit 2: The Runaway (2021)


 

 

Rating : 6.2/10
Country : United State
Genre : Animation, Adventure, Family
Released Date : 2021
Duration : 1h 33min

အညွှန်း

ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား??? ဒုတိယကားလေးကိုလည်း စောင့်နေကြမှန်းသိလို့ 

တင်ဆက်ပေးလိုက်ပါပြီနော်

အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာ

လေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။ အဓိကကတော့ ပီတာရဲ့ မတည့်

အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ စောင်းဆို ပီတာကလည်း ဘယ်

တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣

ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ်

ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ်

ရေးဖို့ အကြံပြုပါတော့တယ်။ ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့

ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥

ဝေဖန်ဒဏ်တွေ စွပ်စွဲချက်တွေကို မခံစားနိုင်တော့တဲ့ ပီတာလေး စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားရင်း မရင်းနှီးတဲ့မြို့ကြီးမှာ

ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရပြီး တကယ့်ဗီလိန်အစစ်ကရော ဘယ်သူလဲဆိုတာကိုတော့ ရုပ်ရှင်ထဲကသီချင်းလေးတွေနဲ့အတူ

စီးမြောရင်း အဖြေရှာလိုက်ရအောင်နော် .

0 comments:

Post a Comment