Cold Case (2021)


 

 

Rating : 6.3/10
Country : India
Genre : Horror, Thriller, Mystery
Released Date : 2021
Duration : 2h 19min

အညွှန်း

ဒီဇာတ်ကားမှာတော့ ပဟေဠိဆန်ဆန်လူသတ်မှုတစ်ခုကို ကြည့်ရူရမှာပဲဖြစ်ပါတယ်
အသတ်ခံရသူရဲ့ဝိညာဉ်က မကျွတ်မလွတ်သေးဘဲရှိနေပြီး ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာကိုလည်း
ကြည့်ရမယ့် စိတ်လှုပ်ရှားစရာဇာတ်ကားကောင်းပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင်
ရေကန်ထဲက အရိုးခေါင်းတစ်ခုကိုရှာဖွေတွေ့ပြီးတဲ့နောက်မှာ ရဲတွေဟာ သေသူကိုအတည်ပြုဖို့အတွက်စုံစမ်းနေခဲ့ပါတယ်
ဘယ်သူသတ်လဲဆိုတာကတော့ လုံးဝကိုသဲလွန်စပျောက်ဆုံးနေတာပါ တစ်ဖက်မှာလည်း အိမ်သစ်ပြောင်းလာတဲ့
မေဟာနဲ့သူ့သမီးဟာ အိမ်အသစ်မှာ သရဲအခြောက်ခံသလိုဖြစ်နေခဲ့ပါတယ် မေဟာရဲ့ညီမဟာ သတ်သေသွားခဲ့တာဖြစ်ပြီး
သူ့ညီမက သူ့သမီးကိုပေးသွားတဲ့အရုပ်မှာ သရဲဝင်ပူးသလိုဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့ သူတို့အိမ်မှာ ဘယ်လိုဝိညာဉ်မျိုးစွဲကပ်နေလဲဆိုတာ
မေဟာက စုံစမ်းခဲ့ပါတယ် ဒါဆို ရေကန်ထဲကသေဆုံးသူက မေဟာတို့အိမ်မှာ သွားပြီးခြောက်လှန့်နေခဲ့တာလား
ဘာကိစ္စကြောင့် အဲဒီအိမ်မှာရှိနေခဲ့တာလဲ သူ့ကိုသတ်ခဲ့တဲ့ ပဟေဠိလူသတ်သမားကတော့
ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

 

0 comments:

Post a Comment